[ သူကြီးသမက် ]
"ဖေဖေရိပ်ရေ ... အရက်သမားအလုပ်ကပြန်လာပြီ"
"ဒီအဖေပေးကလေးတွေကတော့! ငါမင်းတို့အဖေကွ ဘယ်လိုတွေခေါ်နေတာလဲ! အရိပ် ကလေးတွေကိုဘယ်လိုတွေသင်ထားတာလဲ!"
ရိုးအင်းထဲကပြန်လာလာချင်းအိမ်ဝင်းထဲဝင်ကာပဲရှိသေး၏။ ကြက်ပေါင်ကွင်းကိုမြေကြီးပုံထဲထည့်ထားကာဒုတ်နဲ့ထိုးကော်ကစားနေတဲ့သားနဲ့သမီးကရိုးကိုမြင်တော့၊ အိမ်ထဲကအရိပ်ကိုလှမ်းအော်ပြောလိုက်တာ။ <အရက်သမား အလုပ်ကပြန်လာပြီတဲ့>
ရိုးရဲ့သားနဲ့သမီးကအခုမှလေးနှစ်ကျော်လေးသာရှိသေးပြီး၊ အခုလိုရိုးကိုခေါ်လိုက်တာကအဖေတစ်ယောက်အနေနဲ့ကဘာမှမဖြစ်ပေမဲ့ ပတ်ဝန်းကျင်ကြားရင်ကမကောင်းတာကြောင့်၊ အိမ်ထဲကအရိပ်ကိုစိတ်တိုတိုနဲ့လှမ်းအော်ပြောလိုက်မိသည်။
"ဘာလဲ ဘာတွေအဲလောက်အော်နေတာလဲ!"
အရိပ်တစ်ယောက်မနက်ကလျှော်လှန်းထားတဲ့အဝတ်တွေခြောက်လို့ အခန်းထဲမှာခေါက်သိမ်းနေတုန်း အပြင်ကရိုးရဲ့အော်သံကြောင့်၊ထွက်လာပြီး စိတ်မရှည်သလိုမေးလိုက်တော့။
"သားနဲ့သမီး ကိုယ့်ကိုဘယ်လိုခေါ်လဲ အရိပ်ကြားလား!"
"ကြားတယ်လေ"
"ဟ, ကြားရင်လဲနည်းနည်းပါးပါးအဲလိုမခေါ်ရဘူးလို ကလေးတွေကိုချော့ပြီးပြောဦးလေ သူများကြားမကောင်းဘူး!"
"ဪ, ဟုတ်လား သူများကြားမကောင်းဘူးလား ရိုးအရက်သောက်လာလို့ နေ့တိုင်းအရိပ်နဲ့စကားများနေရတာကြတော့ သူများကြားကောင်းတယ်ပေါ့ ပြောစမ်းပါဦး!"
အရိပ်ပြောရင်စိတ်တိုကာ ရိုးကိုအော်ပစ်လိုက်သည်။ တခြားမကြည့်နဲ့အခုပဲကြည့်လေအလုပ်ကပြန်လာတယ်ပြောပေမဲ့ ရိုးဆီကအရက်နံတွေရနေ၏။ အလုပ်ကအပြန်အရင်ဆုံးအရက်ဆိုင်ဝင်သောက်ပြီးမှအိမ်ကသားသမီးနဲ့ယောကျ်ားကိုသတိရလို့ ပြန်လာပုံဖြစ်ပြီး၊ မဟုတ်ရင်အရက်ဆိုင်ကိုအိမ်လိုမျိုးများလုပ်နေမလား မသိတော့။
"အရိပ်! မင်းတော့ကွာ!"
"ဘာဖြစ်လဲ! ဘာဖြစ်ချင်တာလဲ! ပြောဆက်ပြောလေ!"
YOU ARE READING
( သူကြီးသမက် ) Completed
Non-Fiction( ရိုးမာန်ဂုဏ် ♡ နွေလရိပ် ) ♡ 28 . 8 . 2021>♡< 19 . 12 . 2021 ♡