[ သူကြီးသမက် ]
ငါးရက်ကြာပြီးနောက် ...
ဆေးရုံခန်းထဲ၌အမြွှာလေးတွေကတော့ ဆရာဝန်တွေညွန့်ကြားပေးတဲ့နို့မှုန့်ဘူးဖျော်တိုက်ထားလို့ဗိုက်ဝကာနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေကြသည်။
မေမေနဲ့နှင်းနုကတော့ လိုအပ်တာတွေဝယ်ဖို့နဲ့စားဖို့သောက်ဖို့ချက်ရန်ဆိုပြီး သူတို့တည်းတဲ့အဒေါ်အိမ်ကိုပြန်သွားကြ၏ အခုလက်ရှိဆေးရုံမှာအစောင့်အဖြစ်ရိုးတစ်ယောက်သာကျန်ရစ်နေခဲ့သည်။
ငါးရက်ကြာပြီးနောက် ဗိုက်ခွဲကြောင်းကအနာမကျက်သေးပေမဲ့ ထိုင်လို့ရနေပြီဖြစ်၏ ခုတင်ခေါင်းရင်းကိုခေါင်းအုံးနှစ်လုံးဆင့်ခုထားကာကျောမှီပြီး အရိပ်ထိုင်ရင်းသားလေးနဲ့သမီးလေးကိုနို့တိုက်ကျွေးလို့ အဆင်ပြေရန်နို့စုပ်ခွက်လေးနဲ့စုပ်ယူရင်းနာကျင်မှု့ကြောင့်မျက်ခုံးတွေကတွန့်ရှုံ့နေမိချိန်ရိုးကအရိပ်ကိုကြည့်ကာမေးလာသည်။
" အရိပ်လေး , အဆင်ပြေရဲ့လား "
" အင်း နာတော့အရမ်းနာတယ် ဒါပေမဲ့ မလုပ်လို့ မရဘူးလေ သားနဲ့သမီးလေးကိုအရိပ်ကိုယ်တိုင်နို့ရည်တိုက်ကျွေးချင်တယ် "
အရိပ်စကားကြောင့် သားလေးနဲ့သမီးလေးကိုဇာခြင်ထောင်အပါးလေးပုခက်ပေါ်ဖုံးအုပ်ပေးလိုက်ပြီး အရိပ်အနားရိုးလျှောက်လာခဲ့လိုက်၍။
" ကိုယ်ကူမယ်ဆိုတော့ အရိပ်ကလက်မခံဘူး "
ရိုးစကားကြောင့် အရိပ်ပါးပြင်လေးပန်းနုရောင်ဖြတ်ပြေးသွားကာရိုးကိုမျက်စောင်းထိုးကြည့်ပစ်လိုက်၍။
" အဲဒါက ဒီလောက်ရှက်စရာကောင်းတာကြီးကို !"
" အရိပ်နဲ့ကိုယ်ကြားမှာသားလေးနဲ့သမီးလေးတောင်ရှိလာပြီလေ ဒါကဘာကိုရှက်စရာကောင်းတာလဲ ဆရာဝန်ကိုယ်တိုင်ညွန့်ကြားထားတာပဲကို "
" ဒါပေမဲ့လည်း အရိပ်မျက်နှာပူတယ် အရိုးရဲ့ !"
အရိပ်ရဲ့ခပ်ဆောင့်ဆောင့်ပြောလာတဲ့စကားကြောင့် ရိုးသဘောကျစွာရယ်လိုက်၍ အရိပ်လက်ထဲကဆီလီကွန်နို့စုပ်ခွက်လေးကိုလက်လွှဲယူလိုက်ပြီး ခုတင်နံဘေးကစားပွဲလေးပေါ်တင်လိုက်သည်။
YOU ARE READING
( သူကြီးသမက် ) Completed
Non-Fiction( ရိုးမာန်ဂုဏ် ♡ နွေလရိပ် ) ♡ 28 . 8 . 2021>♡< 19 . 12 . 2021 ♡