[ သူကြီးသမက် ]
" အဖေ အရိပ်ဘယ်သွားလဲ "
ရိုး အိပ်ရာကနိုးလာတော့ အရိပ်ကရှိမနေအိမ်ပြင်နဲ့ခြံထဲမှာလဲမတွေ့တာကြောင့် အိမ်ရှေ့မှာထိုင်ပြီး နွားစာခုတ်နေတဲ့အဖေကိုမေးလိုက်သည်။
" သူအိမ်သွားဦးမယ်လို့ပြောသွားတာပဲ ဟိုမှာပြန်တောင်လာပြီ "
" ရိုး နိုးနေပြီးလား ဒီမှာမုန့်ဟင်းခါးဝယ်ခဲ့တယ် "
အရိပ်ကသူ့လက်ထဲမှာဆွဲလာတဲ့မုန့်ဟင်းခါးထုပ်တွေကိုမြောက်ပြရင်းနဲ့ပြောလာသည်။
" အင်း ဒါနဲ့အစောကြီးအိမ်ပြန်ပြီဘာသွားလုပ်တာလဲ "
" ပိုက်ဆံနဲ့အင်္ကျီသွားယူတာ "
အရိပ် ရိုးမေးတာကိုဖြေရင်းနဲ့လက်ထဲကမုန့်ဟင်းခါးထုပ်ကိုရိုးဆီကမ်းပေးလိုက်၍။
" ခဏကိုင်ထားပေးဦး အရိပ်အင်္ကျီထုပ်အခန်းထဲသွားထားလိုက်ဦးမယ် နည်းနည်းပဲယူလာတာ မင်္ဂလာဆောင်ပြီးမှအဝတ်နဲ့အသုံးဆောင်တွေအကုန်သယ်တော့မယ် "
အရိပ်ကသူဘာသာပြောရင်း ရိုးလက်ထဲမုန့်ဟင်းခါးထုပ်ကိုထိုးထည့်ပေးလာ၍ ရယ်မောကာအိမ်ပေါ်တက်သွားတော့ ရိုးချစ်ရသူနောက်ကျော့ပြင်လေးကိုကြည့်ကာပြုံးလိုက်မိသည်။
ဒီလူသားလေးကို ရိုးဘဝတစ်လျှောက်ပိုင်ဆိုင်ခွင့်ရလိုက်ပြီလို့ တွေးလိုက်မိတဲ့ထိုအခိုက်အတန့်လေးကရင်ခုန်ကြည်နူးစရာအရာရာပြည့်စုံသွားပြီလို့ ခံစားလိုက်ရသည်။
" အဖေ ဘာစားပြီးပြီလဲ "
" မင်းလို့ အအိပ်ကြီးနေတဲ့ လူများမှတ်နေလား စားလဲပြီးပြီ တစ်အိမ်ဝင်းလုံးတံမြက်စီးလည်းလှဲပြီးလို့ အခုနွားစားကျွေးဖို့လုပ်နေတာ မင်းဘာသာဝအောင်စားပြီးရင်နေမပူခင်သွားကြတော့ "
ရိုး အဖေအပြောကြောင့် မျက်ခုံးတစ်ချက်ပင့်ကာနှုတ်ခမ်းတစ်ချက်တွန့်လိုက်၍။
" စားပြီးပြီဆိုလဲ ပြီးတာပါပဲ ဘာလိုအလုပ်တွေလုပ်ပြီးကြောင်းပါထည့်ကြွားနေရတာလဲ "
" ကြွားနေတာမဟုတ်ဘူး မင်းအခုမှထလာလို့ ငါ့အစောကြီးနိုးပြီးအကုန်လုပ်လို့ပြီးပြီဆိုတာပြောတာ လူငနွားကောင်ရဲ့ "
![](https://img.wattpad.com/cover/283142411-288-k238089.jpg)
STAI LEGGENDO
( သူကြီးသမက် ) Completed
Saggistica( ရိုးမာန်ဂုဏ် ♡ နွေလရိပ် ) ♡ 28 . 8 . 2021>♡< 19 . 12 . 2021 ♡