[ သူကြီးသမက် ]
ညစာစားပြီးချိန်တွင် ရိုးအိမ်ရှေ့ခုံတန်းရှည်လေးမှာထွက်ထိုင်ပြီး ဆေးလိပ်သောက်နေတုန်းအနားကိုအရိပ်ရောက်လာသည်။
" ရိုး ဆေးလိပ်သောက်တာဘာအရသာရှိလို့လဲ မီးခိုးတွေပဲမှုတ်ထုတ်ပစ်လိုက်ရတာကြီး စားလို့လဲမရပဲနဲ့ "
အရိပ်ကလက်ထဲမှာနေကြာစေ့ထုပ်ကိုင်စား၍ ရိုးနံဘေးဝင်ထိုင်ကာမေးလိုက်တော့ ရိုးကအရိပ်ကိုဆေးလိပ်ငွေ့မရှူရှိုက်စေချင်လို့ထင်၏ ဆေးလိပ်အငွေ့တချို့ကိုတစ်ဖက်ကိုခေါင်းစောင်း၍ မှုတ်ထုတ်လိုက်ပြီး ဆေးလိပ်တိုကိုညာဘက်လက်ကနေဘယ်ဘက်လက်နဲ့ပြောင်းကိုင်လိုက်၍ အရိပ်ကိုပြုံးကာကြည့်လာသည်။
" အဲအငွေ့လေးကိုဖွားပြီး မှုတ်ထုတ်လိုက်ရတာကိုကဆေးလိပ်ရဲ့အရသာတစ်မျိုးလေးအရိပ်ရဲ့ "
" ဒါဆို အရိပ်ကိုတစ်ခါပေးသောက်
အရိပ်လည်းသောက်ကြည့်ချင်တယ် "" အသားနာချင်လို့တုတ်တောင်းနေတာလား အရိပ် မုန့်စားစရာရှိတာကိုစားပြီးရင်အိပ်ရာသွားခင်းတော့ ကိုယ့်အိပ်ချင်နေပြီ ဒီနေ့တစ်နေကုန်ပျဉ်တွေရေပေါ်ထိုးထားရတာညောင်းကိုက်နေတာပဲ "
" ဒါဆိုအရိပ်အိပ်ရာသွားခင်းတော့မယ် "
" အင်း , ကိုယ့်ဒီဆေးလိပ်ကုန်ရင်လာခဲ့မယ် "
အရိပ်လည်းအိမ်ထဲပြန်ဝင်လာခဲ့လိုက်၍ အိပ်ရာခင်းပြင်ပြီးချိန် အိပ်ခန်းထဲရိုးဝင်လာသည်။
" အားးး , ညောင်းကိုက်နေတာပဲကွာ "
ရိုးကအိပ်ရာထဲဝင်လှဲချလိုက်၍ ညည်းညူလိုက်တော့ အရိပ်ရိုးကိုကြည့်လိုက်ပြီးနောက်။
" ရိုး အရိပ်နင်းပေးရမလား "
" အင်း , နည်းနည်းလောက်ကိုယ့်ကိုနင်းပေးပါဦး "
အရိပ်လည်း ရိုးခွင့်ပြုချက်ကြောင့် နင်းပေးရန်ပြင်လိုက်သည်။ ရိုးကမှောက်လျက်ထိုးအိပ်ပေးလာတော့ အရိပ်အိပ်ခန်းထရံကိုကိုင်ပြီး ရိုးခါးပေါ်တက်၍ ဖြည်းဖြည်းချင်းစနင်းပေးလိုက်သည်။
ယောကျ်ားလေးနှစ်ယောက်ယူထားတာဖြစ်ပါလျက်နဲ့သူ့ကိုတော့ဘာမှမခိုင်းပဲအိမ်မှာပဲနေခိုင်း၍ ရိုးကတော့ပင်ပန်းစွာအလုပ်တွေလုပ်ပြီး သူ့အပေါ်မှာအိမ်ထောင်ဦးစီးတစ်ယောက်ရဲ့တာဝန်ကိုကျေပွန်စွာ သူကတော့အိမ်မှာစားလိုက်အိပ်လိုက်နဲ့ ဝင်ငွေ့လေးတစ်ခုရချင်လို့ ဒီနေ့တစ်ရက်ရိုးမသိအောင်အလုပ်ခိုးလုပ်ကြည့်ပါရဲ့အရိုက်မခံလိုက်ရတာကအပြေးကောင်းခဲ့လို့။
YOU ARE READING
( သူကြီးသမက် ) Completed
Non-Fiction( ရိုးမာန်ဂုဏ် ♡ နွေလရိပ် ) ♡ 28 . 8 . 2021>♡< 19 . 12 . 2021 ♡