[ သူကြီးသမက် ]
သုံးလဆိုတဲ့အချိန်တစ်ခုမှာတော့ အရိပ်ရဲ့ဗိုက်ကလေးမှာသိသိသာသာပူလာခဲ့ပြီဖြစ်၏ အခုတော့ အရိပ်တစ်ယောက်ကျောင်းဆရာအလုပ်ကိုနားလိုက်ရကာရိုးစိတ်သဘောအတိုင်းအိမ်မှာနားနားနေနေနေရပြီး အလုပ်ဟူသမျှဘာတစ်ခုမှမခိုင်းသလို အလေးဟူသမျှလည်းထမင်းစားဖို့ လက်ဆေးဇလုံကိုတောင်မသယ်ခိုင်း အခုလည်းညကအရိပ်ပုစွန်ထုပ်စားချင်တယ်လို့ ရိုးကိုပူဆာထားသောကြောင့် ရိုးတစ်ယောက်ပုစွန်ထုပ်အကောင်ကြီးကြီးတွေမသန်းအေးကိုညကတည်းကသွားမှာထားပြီး အခုမနက်ကမြစ်ပုစွန်ထုပ်တွေရလာတော့ မသန်းအေးလာပို့ပေးသည်။
အခုရိုးတစ်ယောက်မီးဖိုချောင်ထဲဝင်ကာ အရိပ်အတွက်ကြော်ပေးနေတာဖြစ်သည်။
" ရိုး , ဒါလေးစားလို့ရပြီလား "
အရိပ်ရိုးနံဘေးမှာထိုင်နေကာမေးရင်းနဲ့လက်က ပန်းကန်ထဲကကြော်ထားတဲ့ပုစွန်တစ်ကောင်ကိုလက်လှမ်းယူလိုက်တော့ ရိုးကအရိပ်ကိုတစ်ချက်ပြုံးပြလာကာခေါင်းညိတ်ပြ၍ အိုးထဲကကြော်လက်စပုစွန်တွေကိုဟိုဘက်ဒီဘက်အကျက်ညီအောင်လှန်နေသည်။
" ပူမယ် ဖြည်းဖြည်းစား "
" ဟုတ် "
ရိုးရဲ့သတိပေးစကားကို , ဟုတ် , တစ်ခွန်းနဲ့သာဖြေလိုက်၍ အခွံနွှာပြီးသေသေချာချောလေးရိုးကြော်ပေးထားတဲ့ပုစွန်ကိုထိုင်စားရင်းရိုးကိုပါခွံကျွေးလိုက်တော့ ရိုးဘက်ကလည်းအလိုက်သင့်ပါးစပ်ဟပေးလာကာ။
" စား , အရိပ်ဘာသာဝအောင်စား "
ရိုးကအရိပ်ခွံကျွေးတဲ့ပုစွန်ကိုစားရင်းပြောလာတော့ အရိပ်ရယ်လိုက်က ရိုးကိုစနောက်လိုက်သည်။
" အရိပ်တစ်ယောက်တည်းစားနေလို့ ဘယ်တရားပါမလဲ ရိုးလည်းစားချင်ရှာမှာပေါ့ ဟုတ်တယ်ဟုတ် "
" မစားချင်ပါဘူး, ဗျာ , အရိပ်လေးစားရရင် ကိုယ့်ငက်သလိုပါပဲ ဟော့ဒီက ရိုးရဲ့ဗိုက်ကလေးသာ ဝအောင်စား "
ရိုးကအရိပ်ရဲ့သိပ်မပေါ်သေးတဲ့ ဗိုက်ကလေးကိုထိကိုင်၍ အရိပ်မျက်နှာကိုစိုက်ကြည့်ကာပြောလာတော့အရိပ်ရယ်လိုက်ပြီး။
YOU ARE READING
( သူကြီးသမက် ) Completed
Non-Fiction( ရိုးမာန်ဂုဏ် ♡ နွေလရိပ် ) ♡ 28 . 8 . 2021>♡< 19 . 12 . 2021 ♡