(၈၆) ဇာတ်လိုက်မင်းသား ရှင်ဘာဖြစ်နေတာလဲ?

7.1K 1K 10
                                    

Burmese Translation of "Doomed to be Cannon Fodder".

Translator - Jinnie Grace

(၈၆) ဇာတ်လိုက်မင်းသား ရှင်ဘာဖြစ်နေတာလဲ?
____________________________________________

စုန့်ကျောင်းယွဲ့အနားမှာ နှစ်တွေအများကြီးခစားလာတဲ့သူတစ်ယောက်အနေနဲ့ စုန့်ကျောင်းယွဲ့ဒီလောက်စိတ်တိုတာကိုမမြင်ခဲ့ဖူးဘူး။ ပိုင်ဟယ်ကြောက်လွန်းလို့ မျက်နှာမှာသွေးတောင်မရှိတော့ဘူး။ သူအရမ်းပိုသွားမိတယ်ဆိုတာကို စုန့်ကျောင်းယွဲ့တွေးမိသွားလို့ စိတ်တိုတိုနဲ့ပဲ အော်လွှတ်လိုက်တယ်။
"သွားတော့"

သူအိပ်ယာပေါ်ကို အားလျော့လျော့နဲ့ပဲထိုင်ချလိုက်တယ်။ သူမကထွက်သွားပြီလေ။ သူမရဲ့အငွေ့အသက်တွေကိုသိမ်းထားတော့ရော ဘာအကျိုးရှိမှာလဲ?

ခံစားရမယ့်လမ်းကိုခေါင်းမာမာနဲ့လျောက်မိနေတာ သူကိုယ်တိုင်ပဲ။ အဲ့ဒီမိန်းကလေးက တခြားအမျိုးသားတစ်ယောက်ရဲ့ရင်ခွင်ထဲမှာ တန်ဖိုးရောအထားခံရရဲ့လား?

တကယ်တမ်းကျတော့ ပိုင်ရှန်းရှို့ကအခု အိပ်ယာပေါ်ကနေကို ခြေတစ်လှမ်းမရွေ့ရသေးဘူး။ နာတာရှည်ဖျားနေတဲ့ လူနာနဲ့တောင်တူနေပြီ။ ရှောင်ရှီက ရေကိုတောင် သေချာခွံ့ပြီးတိုက်နေတာ။ လုံဟန့်ကလည်းလူကိုယ်တိုင်မလာပေမယ့် မားမားတစ်ယောက်ကို သူမဆီပို့ထားပေးတယ်။ မလှုပ်ရမရှားရဆိုတဲ့အမိန့်နဲ့ပေါ့။ လောင်ဖူးရန်ကိုယ်တိုင်ကတောင်ဆေးတွေပို့ပေးထားသေးတယ်။

အကုန်လူံးရဲ့အာရုံစိုက်မှုကိုရနေတာဆိုတော့ ပိုင်ရှန်းရှို့နည်းနည်းအနေရကြပ်နေလေရဲ့။ ဒဏ်ရာအသေးလေးဆိုပေမယ့်လည်း စိတ်ထဲကသိကအောင့်တော့ဖြစ်ရတာပေါ့။ သူမအိပ်ယာပေါ်လှဲနေတုန်းမှာပဲ အစေခံတစ်ယောက်ရောက်လာပြီး လာပြောတယ်။ ဆောင်းတွင်းအတွက်ဝတ်စုံတွေပြင်ဆင်ပြီးပြီမို့ ဘယ်တော့ပို့ပေးရမလဲလို့ လာမေးတာ။ အဝတ်တွေကတော့ ဖြစ်နိုင်ရင် မြန်မြန်လာပို့ရမှာပေါ့။  ဆောင်းဝင်လာတော့ အေးလာပြီ။

ပိုင်ရှန်းရှို့က အစေခံကို အခန်းထဲခေါ်လိုက်တယ်။ သူမက ငယ်ငယ်ရွယ်ရွယ်မားမားတစ်ယောက်ပါပဲ။ လှတာတော့လှတယ်။ မေးမြန်းကြည့်တော့ အိမ်တော်ရဲ့ အစေခံခေါင်းဆောင်ဟောင်း စွန်းဟုန်အာ မှန်းသိလိုက်ရတယ်။ သူမက အိမ်တော်ထဲမှာ နာမည်ကြီးပဲ။သူမက လုံဟန့်ဘေးမှာအချိန်အတော်ကြာအောင် ခစားလာတာတဲ့။ ပြောရရင် သူ့ရဲ့မိန်းမတွေထဲကတစ်ယောက်တောင်ဖြစ်ခဲ့သင့်တာ။

ဗီလိန်ဖြစ်ရန် ကြမ္မာဖန် [Book 1]Where stories live. Discover now