Translator- Jinne_Grace
သူမ စားတာကိုကြည့်ပြီးပြုံးနေတဲ့သားအမိနှစ်ယောက်ကို သူမဘယ်လိုနားလည်ရမလဲ။ သူတို့နှစ်ယောက်ကတော့ သူမထမင်းတွေကို အလုံးလိုက်မြိုချနေတယ်လို့ ထင်နေတော့မှာပဲ။ တကယ်တော့ သူမက သိပ်ကိုအရှက်အကြောက်ကြီးတဲ့မိန်းကလေးလေ။အဲ့ဒီတော့ သူမခင်မျာ အရံဟင်းပွဲတွေကိုတောင် မနှိုက်ဝံ့ပဲ ထမင်းတွေချည်ထိုင်စားနေတော့တယ်။ တော်ကြာ အကြောက်လွန်ပြီး သီးနေမှဖြင့်။
ကံဆိုးချင်တော့ သူတို့သားအမိနှစ်ယောက်က ဂုဏ်သိက္ခာကိုထိန်းသိမ်းတဲ့အနေနဲ့ စကားများများမပြောကြဘူး။ဒါပေမယ့် သူမကိုပဲလှမ်းလှမ်းကြည့်နေကြတယ်။ ကြည့်ရတာ အရသာရှိနေတယ်ထင်ပါရဲ့။
သူမရဲ့ ပုံပန်းသဏ္ဍာန်က သူမရှေ့က သားအမိနှစ်ယောက်အတွက် အရမ်းကြည့်ကောင်းနေလို့လားတော့မသိပေမယ့် စားပြီးသွားတဲ့အထိကတော့ ဘာပြဿနာမှမတက်လိုက်ဘူး။ဒါပေမယ့် သူမဆောင်းဥယျာဉ်ကိုပြန်တဲ့အခါမှာတော့ ရှောင်းမားမားနဲ့ ဖုန်းမားမားကို သူမနောက်ကိုအတင်းအကြပ်ထည့်လွှတ်လိုက်လေရဲ့။ သူမရဲ့ ကံကိုပဲ လက်ခံရင်း စာရင်းစာအုပ်တွေကို စပြီးစစ်လိုက်တော့တယ်။သူမရဲ့ တာဝန်ကတော့ ရှင်းပါတယ်။ စာရင်းတွေကို တာလီပြန်ချိုးပြီး သံသယဖြစ်စရာကောင်းတဲ့ ငွေတွေကိုရှာပေးရုံပဲ။
ခေတ်သစ်ကလာတဲ့သူတစ်ယောက်အနေနဲ့ ပိုင်ရှန်းရှို့ရဲ့ ငွေစာရင်းတွေကိုဖတ်တဲ့နှုန်းနဲ့ တာလီချိုးတဲ့ အမြန်နှူန်းတွေက အစေခံကြီးတွေအဖို့ အံ့သြလောက်စရာကောင်းနေတော့တယ်။အဓိက အထူးအဆန်းဆုံးကတော့ စာရင်းတွက်တဲ့ပေသီးတွေကိုတောင်မသုံးပဲ စိတ်နဲ့တွက်သွားတာပဲဖြစ်တယ်။
ပြီးတော့ သူမရဲ့တွက်ချက်မှူတွေက မှန်ကန်ရုံတင်မဟုတ်ပဲ သံသယဖြစ်စရာငွေစာရင်းတွေကိုလည်း လျင်လျင်မြန်မြန်ပဲရှာတွေ့နိုင်ခဲ့တယ်။ဒါ့အပြင်စာရင်းစာအုပ်သုံးအုပ်စလုံးကို တစ်ညတည်းနဲ့ အမှားအယွင်းမရှိပဲ ပြီးစီးခဲ့တယ်။ချီးကျူးဖို့အကောင်းဆုံးကတော့ သူမအကောင်းဆုံးလုပ်ဆောင်နိုင်တယ်ဆိုပြီး မာန်မာနထောင်လွှားမှုမရှိတာပဲ။သူမ မသိတဲ့အရာတွေကိုလည်း အစေခံကြီးတွေကို ရိုရိုကျိုးကျိုးပဲမေးမြန်းတယ်။
YOU ARE READING
ဗီလိန်ဖြစ်ရန် ကြမ္မာဖန် [Book 1]
Historical Fictionဘာသာပြန်ဝတ္ထုပါ။ [Zawgyi + Unicode] ___ အမျိုးသမီးဇာတ်ရံအဖြစ် သူမ ဝတ္ထုတစ်အုပ်ထဲ ရောက်သွားခဲ့တယ်။ အဓိကဇာတ်လိုက်မင်းသားကို တစ်ဖက်သတ်စွဲမက်နေခဲ့တဲ့ ဇာတ်ကောင်ပေါ့။ သူမမှာ သူ့လက်ကိုတောင် ဆုပ်ကိုင်ခွင့်မရလိုက်ဘဲ အရှင်လတ်လတ်ရိုက်သတ်ခံရမယ့် ကြမ္မာရှိနေတယ်လား...