Burmese Translation of "Doomed to be Cannon Fodder".
https://www.volarenovels.com/novel/doomed-to-be-cannon-fodder#TableOfContents(၃၂) မင်းသမီးလေးလို ပွေ့ချီခံရ (No_Coz)
~~~~~~~~~~~~~~~~~~~~~
ပိုင်ရှန်းရှို့ ရှက်လွန်းလို့ ငိုတောင် ငိုချင်မိလာတယ်။ သူမ ယောက်ျားတစ်ယောက်အရှေ့မှာ ဘယ်လိုတောင် နှာခေါင်းသွေးလျှံ လိုက်ရတာလဲ။ သူမ လက်ကိုင်ပုဝါအမြန်ထုတ်လိုက်ပြီး နှာခေါင်းကို အုပ်ကာထားလိုက်တယ်။ ပြီးတော့ သူများတွေ သူမ သွေးလျှံ နေတာ မတွေ့အောင်လို့ မျက်နှာကို တစ်ဖက်လှည့်ထားလိုက်တယ်။
ဒါပေမယ့် ဇာတ်လိုက်မင်းသားက သူမရဲ့ မိခင်သဘာဝက သတ်မှတ်ပေးထားတဲ့ ရန်သူကြီးလား မသိဘူး။ တိတ်ဆိတ်မှုကို အေးစက်စက်အသံနဲ့ ဖြိုခွင်းလိုက်တယ်။ "အရင်ပြန်ပြီး သမားတော်ပြကြည့်မယ်..." သူ ပြောနေရင်း၊ ပိုင်ရှန်းရှို့ တစ်ကိုယ်လုံး ပေါ့ပါးသွားတာကို ခံစားလိုက်ရတယ်။ သူမ သက်မချ လိုက်မိတယ်။ သူမကို မင်းသမီးလေးလို ပွေ့ချီလိုက်တာ။ ဇာတ်မင်းသားက။ နောင်တစ်ချိန် သူမကို သတ်မယ့် ဇာတ်လိုက်မင်းသားကလေ...! သူမ ဘယ်လို တုန့်ပြန်ရတော့မလဲ...! 'ငါ online ပေါ်က စောင့်နေပါတယ်နော်...! ငါ့ကို အကြံလေးများ ပေးသနားကြပါ...! အရေးကြီးတယ်... အရေးပေါ်...!' ကြည့်ရတာ၊ သူမမှာ တုန့်ပြန်မှုတစ်စုံတစ်ရာအတွက်တောင် အချိန်လုံလုံလောက်လောက်မရပုံဘဲ။ တစ်ခဏလေးအတွင်းမှာ သူမ ကုတင်တစ်ခုပေါ်ရောက်သွားပြီး သိပ်မကြာဘူး၊ သမားတော် ရောက်လာတယ်။
တကယ်ပါပဲ၊ ရိုးရိုးတန်းတန်း နှာခေါင်းလေး သွေးလျှံရုံကို ဘုရားကျောင်းတစ်ဝက်လောက် အုပ်အော်သောင်းနင်းဖြစ်သွားခဲ့တယ်လေ။ ဘာကြောင့်ဆို၊ လုံဟန့် လက်တိုလက်တောင်း ကိုရင်လေးကို လိုက်ရှာတဲ့အချိန်က ဘုန်းတော်ကြီးတွေ စုပြီး မွန်းလွဲပိုင်း တရားထိုင်နေချိန်ဖြစ်နေတာမို့။ ပိုင်ရှန်းရှို့ တစ်ယောက် သူမကိုယ်ကို သတ်သေပစ်လိုက်ချင်မိလာတယ်။ သူမ နှာခေါင်းသွေးလျှံနေတာကတော့ ရပ်သွားတာ ကြာလှပေါ့။ ဒါပေမယ့် သူမကတော့ လက်ကိုင်ပုဝါကြီးနဲ့ မျက်နှာကို ဆက်ကာထားဆဲပဲ။ သမားတော်ကိုတောင် မျက်နှာ မပြရဲတော့ဘူး။ နဂိုအတိုင်းဆို သူမ မျက်နှာသစ် သန့်ရှင်းရေးလေးလုပ်လိုက်ရင်၊ အဆင်ပြေသွားမှာ ဖြစ်ပေမယ့် ဇာတ်လိုက်မင်းသားက သူမကို စိုက်ကြည့်နေတယ်လေ။ သူမကို ကုတင်ပေါ်ကနေတောင် ဆင်းခွင့်မပေးဘူး။
YOU ARE READING
ဗီလိန်ဖြစ်ရန် ကြမ္မာဖန် [Book 1]
Tiểu thuyết Lịch sửဘာသာပြန်ဝတ္ထုပါ။ [Zawgyi + Unicode] ___ အမျိုးသမီးဇာတ်ရံအဖြစ် သူမ ဝတ္ထုတစ်အုပ်ထဲ ရောက်သွားခဲ့တယ်။ အဓိကဇာတ်လိုက်မင်းသားကို တစ်ဖက်သတ်စွဲမက်နေခဲ့တဲ့ ဇာတ်ကောင်ပေါ့။ သူမမှာ သူ့လက်ကိုတောင် ဆုပ်ကိုင်ခွင့်မရလိုက်ဘဲ အရှင်လတ်လတ်ရိုက်သတ်ခံရမယ့် ကြမ္မာရှိနေတယ်လား...