(၂၇) ဇာတ်လိုက်က ဘာဖြစ်တာလား... [No_Coz]
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~သူ သူမကို တွေ့သွား မြင်သွားခဲ့တာကို ပိုင်ရှန်းရှို့ကတော့ စိတ်ထဲ ဘယ်လိုမှ မနေခဲ့ဘူး။ ဒါပေမယ့် သူ ခုလို ရုတ်တရက်ကြီး ရောက်လာတာကိုတော့ နားမလည်နိုင်ဖြစ်နေရတယ်။
သူမက ဇာတ်လိုက်မင်းသားနဲ့ သိပ်လည်း အဆက်အဆံမရှိခဲ့ပါဘူး။ သူမဆီ လာတဲ့ တစ်ခါတစ်လေဆိုတာလည်း သူ မျက်နှာထားအေးတိအေးစက်နဲ့ ထွက်သွားရတာတွေပဲလေ။ ဒီတစ်ခါမှာတော့ သူ ဘာကိစ္စနဲ့ ရောက်လာရတာလဲ။ သူမ ဒဏ်ရာတွေအတွက် လာမေးတာတော့ မဟုတ်ပါဘူးနော်။ ပြီးတော့လည်း ဝတ္ထုထဲမှာဆိုရင် ဇာတ်လိုက်မင်းသမီး ပျောက်သွားတဲ့အခါမှာ ဇာတ်လိုက်မင်းသားက အကြီးအကျယ်တုံ့ပြန်ပြီး သူမ နောက်ကို လိုက်ဖမ်းဖို့ လူတွေ အများကြီး လွှတ်ခဲ့တာ။
သူ ကိုယ်တိုင် မသွားခဲ့ဘူးဆိုပေမယ့် သူ့ငယ်သားတွေကလည်း အတော်ကို အရည်အချင်းရှိကြတာပဲ။ သိပ်တောင် မကြာဘူး၊ ဇာတ်လိုက်မကို အမြန်ပြန်တွေ့သွားကြတယ်။ နောက်တော့ ဇာတ်လိုက်မကို ဆက်သွယ်ပြောဆိုဖို့ သူ ကိုယ်တိုင်လိုက်သွားခဲ့တယ်။ ဖြစ်နိုင်တာ သူ ဇာတ်လိုက်မင်းသမီးနောက်လိုက်ဖို့ လူတွေ လွှတ်ထားပြီးကောင်း လွှတ်ထားပြီး ဖြစ်နိုင်တာပဲ။ သူမ မသိသေးတာများလား။ ဘယ်လိုပဲဖြစ်နေ ဖြစ်နေ၊ သူ ဝင်လာတာတွေ့တော့ သူမ ဂါရဝပြု နှုတ်ဆက်ရတော့တယ်။
"ထတော့... မင်း ဒဏ်ရာရနေရင် သိပ်ပြီး စည်းတွေ ဘောင်တွေ အတိုင်း လိုက်လုပ်နေစရာမလိုဘူး... အပြင်ရောက်နေရင်လည်း လုပ်မနေပါနဲ့ ..." သူ ရှေ့ကိလြှမ်းပြီး သူမကို ထူမပေးလိုက်ချင်မိတယ်။ ဒါပေမယ့် ရှောင်ရှီက ပိုသွက်ပြီး ဦးသွားတယ်။ သူမ သခင်မဘေးနား လှစ်ကနဲရောက်လာပြီး ထူပေးလိုက်တယ်။ ရှောင်ရှီမှာ သူမ သခင်မရှို့ကို ထူပေးပြီးတာနဲ့ တစ်ကိုယ်လုံး စိမ့်ပြီး ချမ်းတုန်သွားမိသလို ခံစားလိုက်ရရှာတယ်။ မင်းသားကို ပြန်လှည့်ကြည့်မိတော့ သူမ နေထိုင်မကောင်းတောင် ဖြစ်ချင်လာမိသလိုပဲ၊ လုံဟန့် မျက်ထောင့်နီကြီးနဲ့ သူ့ကို စောင်းခဲကြည့်နေတာ တွေ့လိုက်ရတော့ သူမ မေ့တောင်လဲသွားတော့မလို ဖြစ်သွားရတယ်။
YOU ARE READING
ဗီလိန်ဖြစ်ရန် ကြမ္မာဖန် [Book 1]
Fiksi Sejarahဘာသာပြန်ဝတ္ထုပါ။ [Zawgyi + Unicode] ___ အမျိုးသမီးဇာတ်ရံအဖြစ် သူမ ဝတ္ထုတစ်အုပ်ထဲ ရောက်သွားခဲ့တယ်။ အဓိကဇာတ်လိုက်မင်းသားကို တစ်ဖက်သတ်စွဲမက်နေခဲ့တဲ့ ဇာတ်ကောင်ပေါ့။ သူမမှာ သူ့လက်ကိုတောင် ဆုပ်ကိုင်ခွင့်မရလိုက်ဘဲ အရှင်လတ်လတ်ရိုက်သတ်ခံရမယ့် ကြမ္မာရှိနေတယ်လား...