Unicode
Note - စာရေးသူရဲ့ စိတ်ကူးထဲက BTS တို့ရဲ့ camera နောက်ကွယ်က နေထိုင်မှုပုံစံကို
ရေးသားထားခြင်းဖြစ်ပါသည်။***************
Hello ကျွန်တော်နာမည် Jeon Jung Kook ပါဗျ။ အခုက ကျွန်တော်Seoulမှာ trainingဆင်းဖို့ ရောက်နေတာပါ။
Big Hit Entertainment မှာ ကျွန်တော် audition အောင်ခဲ့တာလေ။ အခုပထမဆုံးနေ့ဆိုတော့ နည်းနည်းတော့ စိတ်လှုပ်ရှားနေမိတယ် ဟီး..
ကျွန်တော်Big Hitအဆောက်ဦးထဲရောက်နေတာ 15minလောက်ရှိပြီ။ ကျွန်တော်ဘယ်သွားပြီး ဘာလုပ်ရမှန်းမသိဘူး။ အထဲမှာ အလုပ်လုပ်နေတဲ့သူတွေကိုလဲ မမေးရဲဘူး။ သူတို့ ကျွန်တော့်ကြောင့် အလုပ်ရှုပ်သွားမှာစိုးတယ်။
ကျွန်တော်ဘာလုပ်သင့်လဲ....
ကျွန်တော် သွားမေးသင့်မမေးသင့် ဝေခွဲမရဖြစ်နေတုန်း ကျွန်တော်ဒုက္ခရောက်နေတာကို မြင်သွားတဲ့ သူရှိတယ်ထင်တယ်။
ကျွန်တော့်အနားကို လူတစ်ယောက်လျှောက်လာတယ်။ ကျွန်တော် ကြောက်လွန်းလို့ မော့မကြည့်ပဲ ခေါင်းကိုပဲ ဆက်တိုက်ငုံ့ထားတာ။
ကျွန်တော့်ရဲ့ရှေ့မှာ ရောက်နေပြီထင်တယ် sneaker အဖြူလေးနဲ့ style pant အမည်းရောင်လေး၀တ်ထားတာ ကျွန်တော်မြင်ရတယ် အပေါ်ကိုတော့ မော့မကြည့်ရဲဘူး။ အဲဒီလူရဲ့မျက်နှာဘယ်လို ဖြစ်နေမလဲ မသိဘူး။
"မင်း လမ်းပျောက်နေတာလား တစ်ခုခုကို ရှာနေတာ ထင်တယ်"
သူပြောလာတဲ့ စကားလေးက နူးညံပြီးချိုသာတဲ့ အသံလေး ကျွန်တော် ပျော်သွားမိတယ်။ ကျွန်တော်ရဲ့ ပထမဆုံးသောကယ်တင်ရှင်လေးအနေနဲ့ပေါ့။
ကျွန်တော် အရဲစွန့်ပြီးမော့ကြည့်လိုက်တော့ ကျွန်တော့ကို သူပြုံးပြနေတယ်။ မျက်၀န်းကျဥ်းကျဥ်းလေးတွေမှိတ်နေတဲ့အထိပေါ့။
နေပါဦး... ကျွန်တော် ယောကျာ်းလေးတစ်ယောက်ကို ငေးကြည့်နေမိတာလား။ ကျွန်တော် ကိုယ့်ကိုတောင် နားမလည်နိုင်တော့ပါဘူး။
"ဟုတ်ကဲ့ ကျွန်တော်CEO ရုံးခန်းကို ရှာနေတာပါဗျ။ ကျွန်တော်က ဒီနေ့မှtrainingစဆင်းမယ့် လူသစ်မို့ပါ။ အဲဒါ CEOက ရုံးခန်းလာခဲ့ဖို့ ခေါ်ထားလို့ပါ"

YOU ARE READING
ကျွန်တော်ရဲ့ Hyung 🍒
أدب الهواةUnicode Hyung က အရမ်းလှတယ်.... ကျွန်တော်ရဲ့ရင်ခုန်သံတွေကို ဗြောင်းဆန်အောင် သူအမြဲလုပ်တယ်...... သူကတော့ ညီလေးလိုဂရုစိုက်ပေးတာတဲ့ ကျွန်တော့်မှာတော့ ရူးခါနေတာပဲ.... သူမျက်နှာပြောင်တိုက်နေတာ မဟုတ်ဘူးလားဗျာ .... Zawgyi Hyung က အရမ်းလှတယ်.... ကျွန်တေ...