ဒီနေ့SungChanတစ်ယောက်Shotaroနဲ့စာအတူလုပ်မယ်ပြောထား၍မနေ့ကသူသွားတွေ့သည့်self studyနေရာကိုသွားလိုက်သည်။အမှန်အတိုင်းဝန်ခံရလျှင်သူတစ်ခါမှယောင်လို့တောင်ထိုနေရာကိုမသွားဖူးပါ။စာမလုပ်၍တော့မဟုတ်။SungChanကစာလုပ်ရင်အေးအေးဆေးဆေးသူ့အခန်းထဲမှာလုပ်ရတာကိုပိုကြိုက်သည့်သူပင်။အခုလည်းသူMarkကိုShotaroနဲ့စာသွားလုပ်လိုက်ဦးမယ်ပြောတော့အံ့သြ သွားတဲ့Markမျက်နှာကြီးကိုပြန်တွေးရင်းရယ်နေမိသည်။
သူအထဲလည်းဝင်လိုက်တော့မနေ့ကနေရာလေးမှာပဲစာထိုင်လုပ်နေတဲ့ကောင်ငယ်လေး။သူ့လည်းမြင်ရောလက်လှမ်းပြနေသည်။
SungChanလည်းShotaroနဲ့မျက်နှာချင်းဆိုင်မှာဝင်ထိုင်လိုက်ပြီးတော့....
"ကိုယ့်ကိုစောင့်နေတာလား"
"ဟုတ်တယ်"
"Sorryနော်ကိုယ်နောက်ကျသွားလို့"
"ရပါတယ်ကျွန်တော်လည်းရောက်တာသိပ်မကြာသေးပါဘူး"
"အင်း"
ဒီလိုနဲ့စာအတူလုပ်ကြသည်ပေါ့နော်။စာလုပ်ရင်းနာရီဝက်လောက်ကြတော့SungChanတစ်ယောက်အိပ်ချင်လာသည်။နေ့လည်ကျော်လည်းဖြစ်ဒီလိုအချိန်လည်းစာသိပ်မလုပ်တတ်တော့သူအိပ်ချင်လာသည်။
ဒါပေမဲ့သူမအိပ်ရဲပါဘူး။Shotaroကသူ့ကိုစာလုပ်ရမှာပျင်းတဲ့ငပျင်းကြီးလို့ထင်သွားမှဖြင့်။သူအဲ့လိုတော့အထင်မခံနိုင်ပါဘူး။အထူးသဖြင့်Shotaroဆိုရင်ပေါ့။
Shotaroကိုလှမ်းကြည့်လိုက်တော့သေချာစိတ်ဝင်တစားနဲ့အာရုံစိုက်ကာစာလုပ်နေသည်။သေချာပေါက်နှုတ်ခမ်းလေးကလည်းစူပြီးတော့ပေါ့။
SungChanအသဲယားကပြန်ပါသည်။တစ်ကယ်ပါ။Shotaroနဲ့အတူရှိနေရင်သူ့စိတ်ထဲကလိကလိနဲ့။ပုရွက်ဆိတ်တွေရောက်နေသလိုပဲ။ဘာကြောင့်လည်းဆိုတာတော့သူမသိပါ။
ဒါပေမဲ့သူကြည့်နေတာကိုShotaroကသတိထားမိသွားသည်ထင်။သူ့အားမျက်လုံးလေးကလယ်ကလယ်နဲ့ပြန်ကြည့်လာသည်။
"Hyung...ဘာလို့လဲအိပ်ချင်လို့လား..အိပ်ချင်ရင်အိပ်နော်ဘာမှမဖြစ်ဘူး"
BẠN ĐANG ĐỌC
First Kiss - Sungtaro (Complete)
FanfictionBoth uni and zawgyi "ဟင့်အင်း....ကျွန်တော်HyungကိုမယုံရဲဘူးHyungသူ့ကိုချစ်နေသေးတယ်မလား" (Shotaro) "ကိုယ်သူ့ကိုမမေ့နိုင်သေးတာမှန်ပေမဲ့မင်းကိုတော့တစ်ကယ်ချစ်တာပါကွာ...." (SungChan) "ဟင့်အင်း....ကျွန်တော်HyungကိုမယုံရဲဘူးHyungသူ့ကိုချစ်နေသေးတယ်မလား" (Sh...