နောက်နေ့ရောက်တော့Shotaroတစ်ယောက်ကျောင်းသွားရမည်ဖြစ်တာမို့အဝတ်အစားလဲ ပြင်ဆင်ပြီးအောက်ထပ်ကိုဆင်းလာလိုက်သည်။
"သားဒီမှာဒေါ်လေးမနက်စာပြင်ထားခဲ့တယ်နော်"
"ဟုတ်ကဲ့"
ဒေါ်လေးပြင်ပေးထာတဲ့toastနဲ့နွားနို့ကိုစားနေတုန်းShotaroဖုန်းဆီသို့မက်ဆေ့ချ်တစ်စောင်ဝင်လာခဲ့သည်။ဖုန်းကိုဖွင့်ကြည့်လိုက်တော့တစ်ခြားလူမဟုတ်။မနေ့ကမှပူပူနွေးနွေးသူ့ရဲ့ချစ်သူဖြစ်တဲ့SungChan။
"ကိုယ်အခုTaroလေးအိမ်ရှေ့ရောက်နေပြီ"
ဖတ်ပြီးပြီးချင်းShotaroလည်းစားလက်စtoastကိုအမြန်သွတ်ကာလွယ်အိတ်ဆွဲပြီးထွက်လာလိုက်သည်။
အိမ်ရှေ့ခြံတံခါးကနေလုံးတုံးလုံးတုံးလေးပြေးလာတဲ့Shotaroလေးကိုကြည့်ပြီးSungChanပြေးပြီးသာဖက်လိုက်ချင်သည်။အူယားလွန်းလို့။
ပါးစပ်ထဲမှာလည်းဘာတွေအဲ့လောက်တောင်သွတ်လာလဲမသိပါဘူး။ပါးလေးနှစ်ဖက်ကဖောင်းလို့။
ကားကိုမှီကာရပ်စောင့်နေသည့်SungChanနားရောက်တော့Shotaroပါးစပ်ထဲထည့်လာတဲ့toastကိုဝါးနေသည်။
"ဘာတွေအဲ့လောက်တောင်အလျင်လိုနေတာလဲပြီးအောင်စားတာမဟုတ်ဘူး"
"မ...ဟုတ်ဘူး"
ပါးစပ်ထဲပလုတ်ပလောင်းလေးနဲ့ရအောင်စကားကပြောသေးသည်။တစ်ကယ်ပါဒီကောင်လေးကSungChanမျက်လုံးထဲမှာတော့တစ်ကယ့်ကိုအူကြူးပေါက်စနလေး။
"အရင်ဆုံးပြီးအောင်ဝါးဦး"
အားရပါးရဝါးပြီးတော့မှမျိုချကာSungChanကိုစကားပြန်ပြောနိုင်တော့သည်။
"Hyungကဘာလို့လာစောင့်နေတာလဲ"
"ကိုယ့်ကောင်လေးကိုလာခေါ်တာလေကျောင်းအတူတူသွားရအောင်"
ပြောလိုက်တော့ရှက်သွားတဲ့အကောင်ပေါက်လေး။
"လာသွားမယ်ကားပေါ်တက်"
ဒီလိုနဲ့ကျောင်းကိုလာကြရင်းကျောင်းဝန်းထဲဝင်မယ်လုပ်တော့Shotaroကခနရပ်လိုက်သည်။SungChanကShotaroကိုကြည့်ပြီး
"Taroလေးဘာဖြစ်လို့လဲ"
"ဟို....ဟိုလေ....Hyungနဲ့ကျွန်တော်နဲ့တွဲတာတစ်ခြားသူတွေသိသွားရင်...."
BẠN ĐANG ĐỌC
First Kiss - Sungtaro (Complete)
FanfictionBoth uni and zawgyi "ဟင့်အင်း....ကျွန်တော်HyungကိုမယုံရဲဘူးHyungသူ့ကိုချစ်နေသေးတယ်မလား" (Shotaro) "ကိုယ်သူ့ကိုမမေ့နိုင်သေးတာမှန်ပေမဲ့မင်းကိုတော့တစ်ကယ်ချစ်တာပါကွာ...." (SungChan) "ဟင့်အင်း....ကျွန်တော်HyungကိုမယုံရဲဘူးHyungသူ့ကိုချစ်နေသေးတယ်မလား" (Sh...