Chapter 4

434 56 7
                                    

ဒီလိုနဲ့အချိန်တွေတစ်ဖြည်းဖြည်းရွေ့လာခဲ့တာSungChanနဲ့Shotaroတို့ခင်တာတစ်ပတ်တောင်ကျော်ခဲ့ပြီ။SungChanဘက်ကတော့Shotaroကိုရင်းရင်းနှီးနှီးဆက်ဆံပေမဲ့Shotaroကတော့အရှက်မပြေသေးချေ။

အေးလေ...သူ့ရဲ့first kissကိုယူခဲ့တဲ့သူမလား။SungChanကတော့မသိပေမဲ့Shotaroကတော့SungChanကိုမြင်တိုင်းအတိုင်းအဆမရှိလျင်မြန်စွာခုန်လာတဲ့သူ့နှလုံးသားကိုသတိထားမိခဲ့ပြီလေ။

ဒါဟာShotaro SungChanကိုချစ်နေတာလားဆို​တော့လည်းမဟုတ်သေးပါ။သူ့ကိုယ်သူလည်းSungChanကိုချစ်နေမိပြီလားလည်းမသိချေ။သူသိတာကSungChanနားရောက်ရင်သူရင်ခုန်သံတွေမြန်လာတယ်ဆိုတာပင်။

ဒါပေမဲ့ရင်ခုန်သံမြန်တိုင်းအချစ်ဟုတော့Shotaroမသတ်မှတ်ချင်ပါ။အကြောင်းမှာSungChanကသူ့ရဲ့ချစ်သူဟောင်းကိုမမေ့နိုင်သေးဘူးမလား။အဲ့တော့သူချစ်ချင်ရင်တောင်စိတ်သန့်သန့်နဲ့ပဲချစ်ချင်သည်လေ။
.....................

"Shotaro..."

အသံလာရာဘက်သို့လှည့်ကြည့်လိုက်တော့SungChan။

"Hyung...ဘာလာလုပ်တာလဲ"

"ဒီအတိုင်းပဲကိုယ်ပျင်းလို့"

ပျင်းလို့ဆိုကာShotaroထိုင်ပြီးစာလုပ်နေသည့်နေရာသို့ရောက်လာတဲ့SungChan။

"ဒါနဲ့Shotaroကြည့်လိုက်ရင်အမြဲတမ်းစာလုပ်နေတာချည်းပဲကိုယ်ပထမနှစ်တုန်းကတောင်ဒီလောက်ထိမလုပ်ခဲ့ရပါဘူး"

"Hyungကလည်းကျောင်းမှာစာမလုပ်လို့ဘာလုပ်ရမှာလဲ"

"ကိုယ်ပြောချင်တာကစာလည်းလုပ်နည်းနည်းပါးပါးပျော်အောင်လည်းနေပေါ့"

"ကျွန်တော်ကတော့စာလုပ်နေရရင်ပျော်တယ်"

"အင်းပါစာဂျပိုးလေးရယ်"

SungChanမှာပြောပြောဆိုဆိုShotaroဆံပင်လေးတွေကိုလှမ်းကဖွသေးသည်။Shotaroကတော့တစ်ယောက်တည်းကြိတ်ရှက်နေလေရဲ့။

ပြီးတော့သူSungChanကိုကြည့်လိုက်တော့မျက်နှာပျက်နေသည်ကိုတွေ့သည်။ဘာကြောင့်များလည်းလို့ဟိုဘက်ဒီဘက်လှည့်ကြည့်လိုက်တော့သူ့အရင်ကောင်မလေးနဲ့ဘေးနားကကောင်လေးတစ်ယောက်အတူတူတွဲလာတာကိုမြင်လိုက်သည်။

First Kiss - Sungtaro (Complete) Nơi câu chuyện tồn tại. Hãy khám phá bây giờ