Chapter 17(end)

530 44 4
                                    

"တီ.......တီ"

"ဟော...ကားသံကြားတယ်သားရေShotaroလေးတို့ရောက်လာပြီထင်တယ်"

Ommaရဲ့အသံဆုံးသည်နှင့်ချက်ချင်းအိမ်ထဲကနေပြေးထွက်လာကာခြံရှေ့တံခါးကိုSungchanသွားဖွင့်ပေးလိုက်သည်။သူတို့ကားလည်းခြံထဲမှာရပ်ပြီးသွားတော့Ommaနဲ့Appaကပါထွက်လာကာShotaroလေးတို့မိသားစုကိုကြိုကြသည်။

Shotaroလေးကတော့ကားပေါ်ကဆင်းသည်နှင့်Sungchanဘေးနားကိုမသိမသာလေးသွားလိုက်သည်။Sungchanကလည်းသူ့ဘေးနားကိုရောက်လာတဲ့Shotaroလေးရဲ့လက်ကိုမသိမသာလေးကိုင်လိုက်သည်။မသိရင်သူတို့နှစ်ယောက်ကခိုးပြီးချိန်းတွေ့နေရသလိုလို။

"Mr.Osakiတို့ကိုကြိုဆိုပါတယ်"

"ဟုတ်ကဲ့ပြီးတော့ဒီမှာကျွန်တော့်မိန်းမကိုယ်တိုင်လုပ်ထားတဲ့cookieတွေလည်းပါလာတယ်"

"အော်...လက်ဆောင်တွေကမလိုပါဘူး...မကြာခင်ပဲခမည်းခမက်တော်ရတော့မဲ့ဟာကို ဟုတ်တယ်မလား"

Sungchan Appaကမသိမသာလေးပူးကပ်နေကြတဲ့Sungchanနဲ့Shotaroတို့ကိုကြည့်ကာစစနောက်နောက်ဖြင့်ပြောလိုက်ခြင်းဖြစ်သည်။

"Appaကလည်းနော်.....ဒီမှာကျွန်တော့်Taroလေးရှက်သွားပြီ"

Sungchanကပါပြန်စတော့Sungchan Ommaက

"အောဟော.....ဒီကောင်လေးတော့Mr.Osakiတို့ရှိနေတာကို"

"ဟိဟိ"

"ကဲ....လာပါအိမ်ထဲဝင်ကြရအောင်"

ဒီလိုနဲ့သူတို့တွေလည်းအိမ်ထဲကိုအတူဝင်လိုက်ကြပြီးညစာအတူတူစားကြသည်။Sungchanနဲ့Shotaroတို့ကတော့ဘေးချင်းကပ်ရပ်အတူတူထိုင်ကာစားကြသည်။

မိဘတွေကလည်းအချင်းချင်းစကားလေးပြောလိုက်ထမင်းစားလိုက်ကြနှင့်နှစ်ဖက်မိသားစုရဲ့ထမင်းဝိုင်းလေးဟာစိုစိုပြေပြေလေးပင်။

"ဒါနဲ့သားတို့ကဘယ်လိုတွေ့ပြီးတော့တွဲဖြစ်သွားကြတာတုန်း"

"ဟုတ်သားပဲOkasanတို့လည်းအဲ့တာသိချင်နေတာကျောင်းတော့တူပေမဲ့မေဂျာလည်းမတူအတန်းလည်းမတူဘူးဆိုတော့ဘယ်လိုများတွေ့ကြလဲလို့ပါ"

နှစ်ဖက်လုံးရဲ့မိဘတွေကတော့စိတ်ဝင်တစ်စားနဲ့သူတို့အဖြေကိုစောင့်နေကြပေမဲ့သူတို့နှစ်ယောက်ကတော့တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီးပြောရမလားမပြောရမလားဆုံးဖြတ်နေလေသည်။

First Kiss - Sungtaro (Complete) Nơi câu chuyện tồn tại. Hãy khám phá bây giờ