Chapter 1

548 70 0
                                    

SungChanငိုနေတုန်းရုတ်တစ်ရက်သူ့ကိုခေါ်လိုက်သည့်ရှေ့ကလူကြောင့်သူမော့ကြည့်မိလိုက်သည်။

"ဒီကတစ်ယောက်အဆင်ပြေရဲ့လားဟင်"

SungChanဘာမှပြန်မပြောမိ။ထိုကောင်လေးကိုသာကြည့်နေမိသည်။

"ဒီလိုတော့မနေပါနဲ့ထပါ"

ပြောပြောဆိုဆိုသူ့ကိုလာဆွဲထူပေးသည့်ကောင်လေးကြောင့်သူယောင်ပြီးထလိုက်မိသည်။

Shotaroတစ်ယောက်toiletလာရင်းနဲ့စောနကသူ့ကောင်မလေးနဲ့စကားများခဲ့တဲ့သူကိုတွေ့လိုက်မိသည်။နာကျည်းစွာငိုကျွေးနေတော့Shotaroလည်းဘာမှတော့မလုပ်ပေးတတ်တာနဲ့သူ့ကိုသွားထူပေးမိလိုက်သည်။

SungChanမှာတော့သူ့ကိုလာဆွဲထူပေးတဲ့ကောင်လေးကိုကြည့်သာကြည့်နေတာရုပ်ကိုတော့သေချာမမြင်ရ။သူသတိတော့ရှိပေမဲ့ငိုထားသည့်အတွက်မျက်ရည်များဖြင့်အမြင်တွေကဝေဝါးနေလေသည်။

"ဒီကအကိုအဆင်ပြေရဲ့လား"

သူ့ကိုသာကြောင်ပြီးကြည့်နေတဲ့သူကြောင့်Shotaroအနေခက်လာ၍ထပ်မေးလိုက်သည်။

SungChanထပ်ပြီးဘာမှပြန်မပြောမိချေ။သူ့ခေါင်းထဲမူးနောက်နေတာပဲသိသည်။ပြီးတော့အတွေးထဲထပ်ရောက်လာသည်ကYuJinနဲ့ဟိုကောင်နဲ့နမ်းနေတဲ့မြင်ကွင်း။ရုတ်တစ်ရက်ခေါင်းထဲကိုရောက်လာသည့်အတွက်SungChanနားထင်ကိုလက်နဲ့ဖိထားမိသည်။

"အကိုခေါင်းမူးလို့လားဟင်..ဒါဆိုခနလေးနော်ကျွန်တော်...............

"ဒုန်း!!!!!"

"အ

Shotaroစကားပြောနေရင်းတန်းလန်းနံရံဖက်သို့ဆောင့်တွန်းခြင်းခံလိုက်ရသဖြင့်ကျောထဲစူးခနဲအောင့်သွားသည်။

SungChanတစ်ယောက်မျက်လုံးထဲလည်းဘာမှမမြင်မိတော့သူမြင်နေတာက......ပန်းဆီရောင်နှုတ်ခမ်းလေးတစ်ခု...စကားပြောလိုက်ရင်စူစူပြီးထွက်လာတဲ့နှုတ်ခမ်းလေးတစ်ခု......။

သူ့ကိုစကားပြောပြီးလာထူပေးတဲ့ကောင်လေးကိုSungChanနံရံဘက်အားနဲ့ဆောင့်တွန်းလိုက်သည်။ပြီးတော့နံရံကိုလက်တစ်ဖက်ဖြင့်ထောက်ကာနောက်လက်တစ်ဖက်ကထိုနှုတ်ခမ်းသားလေးကိုသွားကိုင်မိသည်။

First Kiss - Sungtaro (Complete) Nơi câu chuyện tồn tại. Hãy khám phá bây giờ