Shotaroကျောင်းကပြန်ရောက်သည်နှင့်အဒေါ်ဖြစ်သူကခိုင်းသောကြောင့်ခြံထဲရှိအပင်လေးများကိုရေလောင်းနေသည်။
ပန်းခြံလေးကအိမ်ရှေ့မှာရှိတာမလို့ရေပိုက်လေးကိုင်ကာအိမ်ရှေ့တွင်အပင်လေးတွေကိုရေလောင်းနေလိုက်သည်။
ထိုစဥ်သူရင်းနှီးနေသည့်လူတစ်ယောက်ကိုမြင်လိုက်သောကြောင့်Shotaroလှမ်းကြည့်မိလိုက်သည်။
သေသေချာချာမြင်လိုက်ရတော့ထိုလူကသူ့ကိုနမ်းခဲ့သည့်သူ။Shotaroလည်းသိချင်စိတ်ဖြင့်ဆက်ကြည့်နေတုန်းသူ့တို့အိမ်ရဲ့ဘေးကရှေ့မှာရပ်လိုက်သည်ကိုတွေ့သည်။
သေချာကြည့်တော့ကောင်မလေးတစ်ယောက်ကအထုတ်တစ်ထုတ်ကိုင်ကာရပ်စောင့်နေသည်။Shotaroလည်းဆက်ကြည့်နေတော့သူတို့နှစ်ယောက်ရဲ့အဖြစ်အပျက်တွေအကုန်သူမြင်လိုက်ရသည်။
ခြံကလည်းသိပ်မဝေးတာမလို့သူတို့ပြောနေတဲ့စကားတွေကိုပါကြားလိုက်ရသည်။Shotaroစိတ်ထဲတွင်ထိုလူအတွက်စိတ်မကောင်းပေ။
Shotaro's pov - သူ့ကောင်မလေးအိမ်ကလည်းငါနဲ့မှလာနီးရတယ်လို့
..................SungChanအိမ်ရောက်သည်အထိမျက်မှာအသေလိုက်နှင့်ဖြစ်နေသည်။ဒါကိုမြင်တဲ့သူ့Ommaက...
"သားSungChanလေး....အဝတ်လဲပြီးသွားရင်ထမင်းစားဖို့ဆင်းလာခဲ့နော်"
"ဟုတ်ကဲ့"
SungChanအခုချိန်မှာထမင်းစားချင်စိတ်လည်းမရှိနေပါ။သို့ပေမဲ့လည်းသူ့Ommaနဲ့Appaကိုစိတ်မပျက်စေချင်၍ထမင်းစားရန်လာလိုက်သည်။
SungChanရဲ့Ommaနဲ့Appaမှာကိစ္စတွေကိုသိပြီးဖြစ်ပါသည်။သူတို့သားလေးခံစားနေရတာကိုသိသောကြောင့်စကားပြောရန်ပြင်လိုက်သည်။
SungChan Appaမှ....
"သား...SungChan Appaတို့သားတို့နှစ်ယောက်ကိစ္စကိုသိပြီးပါပြီ.....သားYuJinလေးကိုချစ်တာသိပေမဲ့အခုYuJinကတစ်ခြားတစ်ယောက်ကိုရွေးချယ်သွားတော့သားခံရခက်နေမယ်ဆိုတာAppaသိပါတယ်ဒါပေမဲ့သားကအသက်အရွယ်လည်းငယ်သေးတယ်ဖူးစာဖက်နဲ့မတွေ့သေးလို့ဖြစ်ပါလိမ့်မယ်ဒါကြောင့်သားစိတ်ကိုဖြေလျှော့နော်"
BẠN ĐANG ĐỌC
First Kiss - Sungtaro (Complete)
FanfictionBoth uni and zawgyi "ဟင့်အင်း....ကျွန်တော်HyungကိုမယုံရဲဘူးHyungသူ့ကိုချစ်နေသေးတယ်မလား" (Shotaro) "ကိုယ်သူ့ကိုမမေ့နိုင်သေးတာမှန်ပေမဲ့မင်းကိုတော့တစ်ကယ်ချစ်တာပါကွာ...." (SungChan) "ဟင့်အင်း....ကျွန်တော်HyungကိုမယုံရဲဘူးHyungသူ့ကိုချစ်နေသေးတယ်မလား" (Sh...