ဒါကြောင့်ဘာမှထပ်မစဥ်းစားနေတော့ဘဲမျက်နှာကိုနီးသွားစေလိုက်ပြီးနှုတ်ခမ်းနှစ်ခုကိုထိကပ်စေလိုက်သည်။
SungChanဟာသူ့နားကိုနီးလာမှန်းShotaroမျက်လုံးမှိတ်ထားရက်နဲ့တောင်သိနေသည်။အကြောင်းမှာSungChanရှူထုတ်လိုက်တဲ့လေကShotaroမျက်နှာကိုလာရိုက်ခတ်သောကြောင့်ဖြစ်သည်။
SungChanရင်ဘတ်နားကshirtစကိုလည်းပိုလို့ပင်တင်းကျပ်စွာဆုပ်ကိုင်မိလိုက်သည်။
တစ်ဖြည်းဖြည်းချင်းနီးကပ်သွားပြီးနှုတ်ခမ်းနှစ်ခုထိဖို့cmသေးသေးလေးအလိုမှာ..........
"သားရေShotaroလေးနိုး.................အမလေး!!!"
ရုတ်တစ်ရက်ကြီးအခန်းထဲကိုတံခါးမခေါက်အသံမပေးဘဲဝင်ချလာသည့်အမေဖြစ်သူကြောင့်Shotaroလည်းSungChanကိုတွန်းထုတ်မိသလိုSungChanကလည်းဘေးကိုအမြန်ထလိုက်သည်။
"Ommaအဲ့....အဲ့လိုမဟုတ်....."
"အော်.....သားရယ်တံခါးလော့ခ်လေးဘာလေးချထားတာမဟုတ်ဘူး....sorry sorry...နေ့လည်စာစားဖို့လာခေါ်တာ....ဒါဆိုOmmaသွားပြီနော်စောနက ကိစ္စဆက်လုပ်ကြနော်"
ပြုံးပြုံးကြီးနှင့်ထွက်သွားသည့်အမေဖြစ်သူကြောင့်ShotaroကောSungChanကောတစ်ယောက်မျက်နှာတစ်ယောက်ကြည့်မိပြီးရှက်လာသည့်အတွက်မျက်နှာလွှဲလိုက်ကြသည်။
"ဟို....Hyungကျွန်တော်သန့်စင်ခန်းခန"
"အော်....အင်း"
Shotaroလည်းရှက်လာသည့်အတွက်သန့်စင်ခန်းထဲကိုအမြန်လေးဝင်ပြေးသွားသည်။SungChanကတော့သူ့ဂုတ်ကိုသာပွတ်ရင်းစောနက ကိစ္စပြန်စဥ်းစားပြီးရှက်နေမိသည်။
Shotaroသန့်စင်ခန်းထဲရောက်သည်နှင့်နံရံကိုမှိကာမျက်နှာက်ုလက်နဲ့အုပ်ပြီးရှက်နေမိပြန်သည်။
"ရှက်လိုက်တာ......Shotaro Osakiရေ...နင်ဟာဘယ်လိုကောင်လဲမျက်လုံကြီးသွားမှိတ်မှတော့ဟိုကဘယ်လိုထင်သွားမလဲ....အာ.....ရူးချင်တာပဲ....Hyungအမေကပါမြင်သွားပြီ.....အမလေးငါတော့ကိုရီးယားကိုမပြောင်းလာခဲ့ရင်အကောင်းသား"
သူ့ဟာသူသန့်စင်ခန်းထဲမှာရှက်ပြီးစကားတွေပြောနေတဲ့ကောင်လေးကိုသန့်စင်ခန်းအပြင်ဘက်တံခါးကနေနားထောင်နေတဲ့ကောင်လေးကတော့အသည်းယားနေလေရဲ့။
BẠN ĐANG ĐỌC
First Kiss - Sungtaro (Complete)
FanfictionBoth uni and zawgyi "ဟင့်အင်း....ကျွန်တော်HyungကိုမယုံရဲဘူးHyungသူ့ကိုချစ်နေသေးတယ်မလား" (Shotaro) "ကိုယ်သူ့ကိုမမေ့နိုင်သေးတာမှန်ပေမဲ့မင်းကိုတော့တစ်ကယ်ချစ်တာပါကွာ...." (SungChan) "ဟင့်အင်း....ကျွန်တော်HyungကိုမယုံရဲဘူးHyungသူ့ကိုချစ်နေသေးတယ်မလား" (Sh...