YuJinတစ်ယောက်အိမ်ရှေ့ထွက်လာရင်းမြင်လိုက်ရသည့်မြင်ကွင်းကြောင့်သဝန်တိုမိသွားသည်။အစကတော့SungChanကားကိုမြင်တော့သူ့ဆီများစိတ်မပြတ်သေးလို့လာတယ်ပဲထင်ခဲ့တာအပြင်ထွက်ကြည့်လိုက်တော့ပြောင်းလာတာမကြာသေးတဲ့ဟိုဘက်အိမ်ကကောင်လေးနဲ့တူတူတွေ့လိုက်ရသည်။
"သူတို့ဘယ်တုန်းကများအဲ့လောက်ခင်သွားရတာလဲ.....မဟုတ်မှလွဲရော....တွဲနေကြတာများလား"
YuJinကိုယ်တိုင်ကသစ္စာဖောက်ခဲ့တာဆိုပေမဲ့သူ့ကြောင့်ခံစားခဲ့ရတဲ့SungChanကိုကြည့်ပြီးသူ့ကိုယ်သူဂုဏ်ယူနေသည်။ယောကျာ်းတွေကYuJinဆိုစွဲလန်းကြတယ်လေးဘာလေးပေါ့။
ဒါပေမဲ့ခုနောက်ပိုင်းSungChanကအဲ့လိုမဟုတ်တော့ဘဲသူနဲ့သူဘဲနဲ့ကိုမြင်ရင်တောင်ဘာမှမဖြစ်သလိုပုံနဲ့နေနေပြီ။အခုပဲကြည့်သူ့သူငယ်ချင်းတွေဆိုတစ်ခါမှအိမ်အရောက်ဘယ်သူ့ကိုမှမပို့ပေးဖူဘူး။သူတစ်ယောက်တည်းကိုပဲကိုယ်တိုင်ကားမောင်းပြီးပို့ပေးခဲ့တာ။ဒါပေမဲ့ဒီကောင်လေးကိုကျတော့အိမ်အရောက်ပို့ပေးတဲ့အပြင်သူ့နဲ့တွဲနေခဲ့တုန်းကတောင်တစ်ခါမှမလုပ်ပေးဖူးခဲ့တဲ့ခေါင်းလေးကိုပါဖွသွားသေးသည်။
ထိုညကတော့ကောင်လေးနှစ်ယောက်ရဲ့သာယာတဲ့ညလေးဖြစ်ခဲ့သလိုYuJinအတွက်တော့မေးခွန်းပေါင်းများစွာဝင်လာတဲ့ညလေးလည်းဖြစ်သွားသည်။
..............နောက်နေ့မနက်ကျောင်းရောက်တော့SungChanဝင်လာသည်နှင့်အကုန်လုံးကSungChanကိုသက်သာရဲ့လား...ဘာဖြစ်သွားသေးလဲနဲ့စိုးရိမ်စွာမေးကြသည်။
SungChanလည်းမေးသမျှအကုန်ဖြေခဲ့ပြီးသူငယ်ချင်းတွေရှိရာCanteenဆီကိုလာလိုက်သည်။ရောက်လည်းရောက်တော့Markမှ
"ဟျောင့်..နေကောင်းနေတယ်ပေါ့"
"ကျောင်းတောင်လာနိုင်ပါတယ်ဆိုနေမှနေကောင်းလို့ပေါ့ကိုယ်ရဲ့"
Markရဲ့မေးခွန်းကိုHaeChanမှအစားဝင်ဖြေသွားသည်။အဲ့တော့SungChanက
"အေးHaeChanရေမင်းပဲပြောလိုက်တော့ငါဖြေရတာပါးစပ်ညောင်းတယ်"
"မင်းကလည်းငါစိတ်ပူလို့မေးတာ"
"စိတ်ပူတဲ့သူကလည်းငါဆေးရုံမှာတုန်းကမလာပဲနဲ့"
BẠN ĐANG ĐỌC
First Kiss - Sungtaro (Complete)
FanfictionBoth uni and zawgyi "ဟင့်အင်း....ကျွန်တော်HyungကိုမယုံရဲဘူးHyungသူ့ကိုချစ်နေသေးတယ်မလား" (Shotaro) "ကိုယ်သူ့ကိုမမေ့နိုင်သေးတာမှန်ပေမဲ့မင်းကိုတော့တစ်ကယ်ချစ်တာပါကွာ...." (SungChan) "ဟင့်အင်း....ကျွန်တော်HyungကိုမယုံရဲဘူးHyungသူ့ကိုချစ်နေသေးတယ်မလား" (Sh...