ဒီလိုနဲ့အိမ်ရှေ့ရောက်တော့Sungchanကထုံးစံအတိုင်းကားပေါ်ကဆင်းကာShotaroလေးကိုခြံရှေ့ထိရောက်အောင်လိုက်ပို့ပေးသည်။
"Hyungပြန်တော့လေ"
"ကိုယ့်ကိုနှင်ထုတ်နေတာလား"
"ဟာ...မဟုတ်ရပါဘူးHyungကလည်း.....Hyungအိမ်ပြန်နောက်ကျမှာစိုးလို့ပြောတာပါ"
"အင်းပါ....အာ့ဆိုလည်း"
နှုတ်ခမ်းလေးဆူကာစိတ်ကောက်ချင်ယောင်ဆောင်ပြီးလှည့်ပြန်မလိုလုပ်တဲ့Sungchanကြောင့်Shotaroတစ်ခစ်ခစ်နဲ့ရယ်မိသည်။ပြီးတော့Sungchanကိုပြန်ခေါ်လိုက်သည်။
"Hyung!တစ်ခုမေ့ကျန်ခဲ့တယ်"
Shotaroခေါ်သံလည်းကြားရောSungchanကြောင်အမ်းအမ်းဖြင့်ပြန်လှည့်ကြည့်လာသည်။
"ကိုယ်ဘာမှမကျန်ခဲ့ပါဘူး"
"ဒီမှာ.....ဒါကျန်ခဲ့တာ"
ဆိုပြီးသူ့အိတ်ထဲကိုမွှေနောက်နေသည်။
Shotaroရဲ့လုပ်ပုံကအနည်းငယ်ထူးဆန်းနေတော့Sungchanလည်းShotaroအရှေ့ကိုတို့းလိုက်ပြီးအိတ်ထဲကိုငုံကြည့်လိုက်သည်။ဘာမှတော့မတွေ့ပါ။ဒါပေမဲ့ထိုအချိန်မှာSungchanအတွက်အရာရာဟာရပ်တန့်သွားသလိုခံစားချက်မျိုးဖြစ်အောင်Shotaroလေးကလုပ်လိုက်သည်။
အကြောင်းမှာတော့Sungchanကသူ့အိတ်ထဲကိုငုံကြည့်လာသည်နှင့်တစ်ပြိုင်နက်ShotaroလေးကSungchanရဲ့နှုတ်ခမ်းလေးကိုသူ့နှုတ်ခမ်းလေးနဲ့အသာလေးထိကာလာနမ်းလိုက်သောကြောင့်ဖြစ်သည်။
Sungchanတစ်ယောက်ကတော့ရေခဲရိုက်ထားသလိုပင်တစ်ကိုယ်လုံးခဲတောင့်သွားသည်။ဘေးပတ်ဝန်းကျင်မှတိုက်ခတ်လာသည့်လေထုကိုတောင်မခံစားနိုင်လောက်တော့သည်အထိကိုShotaroရဲ့အနမ်းထဲမှာနစ်မြောသွားသည်။
သူ့ခါးကိုမတ်လိုက်မိတော့Shotaroအရပ်ကမမှီသည်မို့ခြေဖျားကိုအနည်းငယ်ထောက်လိုက်ရသည်။နမ်းနေရင်းရုတ်တစ်ရက်ခြေဖျားထောက်လိုက်ရသည်မို့Shotaroလေးအရှိန်ပျက်ကာအနောက်အနည်းငယ်လဲကျသွားသည်။
BẠN ĐANG ĐỌC
First Kiss - Sungtaro (Complete)
FanfictionBoth uni and zawgyi "ဟင့်အင်း....ကျွန်တော်HyungကိုမယုံရဲဘူးHyungသူ့ကိုချစ်နေသေးတယ်မလား" (Shotaro) "ကိုယ်သူ့ကိုမမေ့နိုင်သေးတာမှန်ပေမဲ့မင်းကိုတော့တစ်ကယ်ချစ်တာပါကွာ...." (SungChan) "ဟင့်အင်း....ကျွန်တော်HyungကိုမယုံရဲဘူးHyungသူ့ကိုချစ်နေသေးတယ်မလား" (Sh...