Shotaroအတွေးတို့ကိုရပ်တန့်ကာHaeChanတို့နဲ့ပရိသတ်ထိုင်ခုံတန်းတွေဆီပြန်သွားလိုက်ကြသည်။
ဒုတိယပွဲစပြီးငါးမိနစ်ကြာတော့SungChanတို့အဖွဲ့မှစပြီးဂိုးလေသည်။ထိုဂိုးဟာလည်းSungChanကန်ခြင်းဖြစ်သည်။
ဂိုးလည်းဂိုးရောအကုန်လုံးကထပြီးအော်ကာSungChanတို့ကိုအားပေးလိုက်ကြသည်။Shotaroကလည်းပျော်လွန်းလို့ထတောင်ခုန်မိမတတ်။
သူသွင်းလိုက်တဲ့ဘောလုံးကဂိုးသွားတော့ပျော်နေရှာတဲ့SungChanရုပ်ကလေးကိုကြည့်ပြီးပီတိဖြစ်ရသည်မှာShotaroပင်။
ဒီလိုနဲ့ကန်ရင်းကန်ရင်းနဲ့ဟိုဘက်ကလည်းဂိုးသည်။နှစ်ဖက်လုံးဟာလည်းတော်တဲ့သူတွေချည်းပဲမလို့ပွဲကတော်တော်ကြည့်ကောင်းလှသည်။ဘောလုံးဆိုမျက်စိနှောက်ပါတယ်ဆိုပြီးမကြည့်ခဲ့တဲ့HaeChanတောင်တော်တော်လေးကြိုက်နေမိပြီလေ။
အစကတော့သူ့ရဲ့ချစ်ချစ်Markကိုလာအားပေးတာဆိုပေမဲ့ပွဲကြည့်ရင်းနဲ့အရှိန်ရလာသည်မို့HaeChanကဝင်ကန်တော့မည့်နှယ်လုပ်နေတာကြောင့်JaeMinနဲ့Shotaroကဆွဲထားရလေသည်။
ဒီလိုနဲ့ကန်ကြရင်းဟိုဘက်ကလည်းဂိုးသည်။SungChanတို့ဘက်ကလည်းဂိုးသည်။ဆော့နေကြရင်းပွဲပြီးခါနီးလောက်ကျတော့ဟိုဘက်ကကန်နေတဲ့သူကဂိုးဝင်အောင်အားနဲ့ကန်ချလိုက်တာကြားထဲမှာဝင်ခံလာတဲ့SungChanကြောင့်ဂ်ိုးကိုမဝင်ချေ။
ဒါပေမဲ့ပြဿနာကကန်လိုက်တဲ့ဘောလုံးကSungChanရဲ့ခေါင်းတည့်တည့်ထိသွားတာပင်ဖြစ်သည်။
အားနဲ့ကန်လိုက်သည်မို့SungChanခေါင်းထဲမူးဝေလာသဖြင့်သူ့မှာရပ်ဖို့တောင်အားမရှိတော့ချေ။ဒီလိုနဲ့တစ်ဖြည်းဖြည်းအမြင်တွေဝေဝါးလာကာနောက်ဆုံးသတိလစ်သွားတော့သည်။
ကွင်းထဲမှာSungChanလဲကျသွားတာလည်းမြင်ရောအကုန်လုံးပြေးလာကြပြီးပွဲကိုလည်းခနရပ်လိုက်သည်။
Shotaroကတော့SungChanလဲကျသွားသည်ကိုမြင်သည်နှင့်လှေကားကနေတောင်မဆင်းဘဲအရှေ့က ကာထားတဲ့ဘားတန်းကိုကျော်ခွပြီးကွင်းထဲကိုအမြန်ပြေးသွားလိုက်တာHaeChanတို့တောင်မမှီလိုက်။
Shotaroကွင်းထဲမှာလဲနေသည့်SungChanနားရောက်သည်နှင့်
"Hyung...Hyung...သတိထားဦးလေ"
BẠN ĐANG ĐỌC
First Kiss - Sungtaro (Complete)
Hayran KurguBoth uni and zawgyi "ဟင့်အင်း....ကျွန်တော်HyungကိုမယုံရဲဘူးHyungသူ့ကိုချစ်နေသေးတယ်မလား" (Shotaro) "ကိုယ်သူ့ကိုမမေ့နိုင်သေးတာမှန်ပေမဲ့မင်းကိုတော့တစ်ကယ်ချစ်တာပါကွာ...." (SungChan) "ဟင့်အင်း....ကျွန်တော်HyungကိုမယုံရဲဘူးHyungသူ့ကိုချစ်နေသေးတယ်မလား" (Sh...