Cigarettes ( 1 )

5K 247 8
                                    

[ Unicode ]

" ရီခီ , ငါ မင်းကို bar တွေ ပတ်ပြီးရှာလာရတာ ဒါဘယ်နှခုမြောက်လဲ သိလား "

bar ထဲမှာ ထုံးစံအတိုင်း မူးနေပြီဖြစ်သည့် ရီခီ့ကို တွေ့တွေ့ချင်း ဆောနူ အလိုအလျောက် ဆူပူမိသည် ။

ဘေးကပ်လျက်က လူဆိုးကောင်လေးကတော့ အနည်းငယ် ရီဝေဝေဖြစ်တဲ့ မျက်လုံးတွေနဲ့ ပြန်ကြည့်လာပြီး ဟက်ခနဲ ရယ်ချသည် ။

" ဘယ်နှခုမြောက်လဲ ဆောနူကိုကို ? "

" ဆယ့်နှစ်ခုမြောက် ! "

ဆောနူရဲ့ မျက်စောင်းနဲ့အတူ ဆောင့်အောင့်ပြောတဲ့ လေသံကြောင့် လူဆိုးကောင်ခမျာ ငိုမဲ့မဲ့ပုံစံလေးလုပ်ပြပြီး ပုခုံးပေါ် လက်လာတင်သည် ။

" ကျွန်တော့် ကိုကို ... အလုပ်ရှုပ်သွားရပြီဗျာ "

ဆောနူကို ပြုံးကြည့်ရင်း ခပ်လေးလေးအသံနဲ့ ပြောလာ၏ ။

ဒီလူဆိုးကောင် သူ့ကို ကိုကိုခေါ်နေကတည်းက မူးနေပြီဆိုတာ သေချာပါပြီ ... ။ ပုံမှန်ဆို ဆောနူပဲခေါ်နေကျပေမယ့် သူတစ်ခုခု ဂျီကျချင်တဲ့အချိန်မျိုး ဒါမှမဟုတ် မူးနေတဲ့အချိန်မျိုးတွေမှာတော့ ငယ်ငယ်က အကြီးမို့ လေးစားသမှုနဲ့ ခေါ်ခဲ့တဲ့ ကိုကို ဆိုတဲ့ နာမ်စားကို ခေါ်လေ့ရှိ၏။

ဆောနူ ပုခုံးပေါ်က လက်ကို ဖယ်ရင်း

" အလုပ်မရှုပ်ပဲနေမလား ? အချိန်ကိုလည်း ကြည့်ဦး "

ဆောနူ သူ့လက်မှာပတ်ထားတဲ့ နာရီကို မေးဆတ်ပြရင်း ပြောတော့ ရယ်ရုံရယ်ပြသည် ။

နာရီလက်တံ ညွှန်ပြမှုအရ ညဆယ့်တစ်နာရီတောင် ရှိနေပြီ ။

ဒီနေ့ နားရက်မလို့ ဆောနူလည်း တကယ်ဆို ဇိမ်ကျကျ နားနေရမှာကို ညကိုးနာရီလောက်က သူ့ဘာသာ ဆောနူဆီ ဖုန်းဆက်လာသည် ။

" ဆောနူ , ကျွန်တော် မူးနေပြီ ! ကားမမောင်းနိုင်လောက်တော့ဘူးထင်တယ် " တဲ့ ။ ဖုန်းပေါ်မှာ ဒီတစ်ခွန်းသာ ပြောပြီး ချသွားခဲ့၏။ ဆောနူ ဖုန်းပြန်ခေါ်တော့လည်း မကိုင်တော့ ။

သူအဲ့ဒီလို မူးပြီး ဖုန်းဆက်လာတိုင်း ဆောနူမှာ ညဘယ်နှနရာရီ နေနေ ဘားတွေ တစ်ခုပြီးတစ်ခု ပတ်ရှာရသည် ။ ဘယ်ဘားမှာ အမြဲထိုင်တယ်ရယ်လို့လည်း တစ်သမတ်တည်း မရှိတတ်တဲ့ မျောက်စိတ်နဲ့ လူဆိုးကောင် ... ။

Cigarettes [ SunKi ]Where stories live. Discover now