12

1.3K 141 8
                                    

[ Zawgyi ]

" ဟယ်လို , ကိုကိုလား ? "

" အင်း ... ပြော "

" ကျွန်တော်လွမ်းနေလို့ "

" မင်း .. ပိုကိုပိုတယ် ! "

" မပိုရပါဘူး ၊ တကယ်လွမ်းနေတာ "

တစ်ဖက်က ပြန်ဖြေသံကြောင့် ဆောနူ နှာခေါင်းပင် ရှုံ့မိသွားသည် ။ ငတတ်လေးက ပိုလွန်းသည်။ သို့်သော်ငြား မငြိုငြင်ရက်သည့် စိတ်ကလေးက စိုးမိုးနေပြန်သည် ။

" ငါ့ကောင်လေးက တအားလွမ်းနေတာလား ? "

ဆောနူ ၏ အပြောကို သဘောကျသွားသည်ထင် ၊ ဖုန်းတစ်ဖက်မှ တခစ်ခစ် ရယ်သံများ ထွက်လာတော့သည် ။

" အင်း ၊ ဆောနူရဲ့ကောင်လေးက ဆောနူကို တအား တအားကြီးကို လွမ်းနေတာ ။ "

" လွမ်းနေရင် လာတွေ့ "

" တကယ်လား ? ကျွန်တော် အခုထွက်ခဲ့မယ် "

" ထွက်ခဲ့ ! ကိုကိုက စောင့်နေမယ် "

" ဟားဟား ! ချစ်လိုက်တာဗျာ "

ဆောနူ ဖုန်းချလိုက်ပြီး အိပ်ယာပေါ် လူးလှိမ့်နေရင်း စဉ်းစားမိသည် ။ ရည်းစားဖြစ်ပြီး ဖုန်းပြောရတာ ဒီလို ရင်ခုန်စရာကောင်းတယ်လား ?

•••••••

နီခီ ကားကို အရှိန်မြန်မြန်ဖြင့် မောင်းလာရင်း Kim စံအိမ်၏ အိမ်ရှေ့အရောက်တွင် ပုံရိပ်ကလေးတစ်ခုကို လှမ်းတွေ့နေရ၍ ကားကို အရှိန်နှေးပြီး ရပ်လိုက်သည် ။

" ကျွန်တော်က အိမ်ထဲထိ လာတွေ့မှာပေါ့ ! "

" မဟုတ်ဘူး ! အိမ်ထဲဝင်မနေနဲ့တော့ "

ပြောလည်းပြော ကားတံခါးဆွဲဖွင့်ပြီး Lover seat မှာ အသင့်လာထိုင်သည့် ကိုကို့်ကို နီခီ နားမလည်နိုင်စွာ ကြည့်နေလိုက်သည် ။

ကိုကိုက နီခီ့အကြည့်ကို နားလည်ဟန်နှင့် တစ်ချက်ရယ်သည်။ ပြီးမှ နီခီ့ နဖူးကို လာတောက်ပြီး

" ကြည့်မနေနဲ့ ! လျှောက်လည်ကြမယ်လေ ... ဘယ်လိုလဲ ? First Date.. "

အခုမှပဲ နီခီသဘောပေါက်ကာ ကိုကို၏ ဒီနေ့ Fashion ကို ကြည့်လိုက်မိသည် ။ ပန်းနုရာင် ရှပ်အင်္ကျီလက်ရှည် နှင့် အပြာနုနုဂျင်းဘောင်းဘီကို တွဲဖက်ဝတ်ဆင်ထားသော ကိုကိုသည် အပြင်ထွက်လည်ဖို့ ပြင်ထားဆင်ထားဟန် ... ။

Cigarettes [ SunKi ]Where stories live. Discover now