9

1.3K 157 9
                                    

* အရှေ့အပိုင်း (8) မှာလေ Unicode ကို စစချင်းက မထည့်ပေးလိုက်မိလို့  ㅠㅠㅠ ခုပြန်ထည့်ထားပေးပါတယ်နော် *

[ Zawgyi ]

ဆောနူတို့ကားလေးက မြို့နေအိမ်တွေနှင့် တဖြည်းဖြည်းဝေးလာပြီး  လယ်ကွင်းတွေ ၊  စိုက်ခင်းတွေနှင့်ပြည့်နေသည့်  လမ်းတွေဘက်ဆီသို့  ဦးတည်နေသည်  ။ မောင်းနှင်နေသူကတော့ အဘယ်ကို  ဦးတည်နေသည်ဆိုတာကို လုံးဝ မပြောပြပါ ။

ဆောနူလည်း ဆက်မမေးတော့ပဲ airpods ကောက်တပ်ပြီး သီချင်းကလေး နားထောင်ရင်းသာ ထိုင်လိုက်လာဖြစ်တော့သည် ။

Airpods ဆီမှ တစ်ဆင့်
နားထဲသို့   သီချင်းတစ်ပုဒ် ပျံ့လွင့်လာချိန်မှာတော့  ဆောနူ၏နှုတ်ခမ်းတို့ဟာ သဘောတကျ  ပြုံးမိတော့၏ ။ သဘောကျရသည့် သီချင်းကလေးမှာ Jay Park ၏ ' Joah ' သီချင်းဖြစ်သည် ။ ဒီသီချင်းကို  နားထောင်တိုင်း  စိတ်ကူးအတွေးများထဲသို့  ဂျစ်တူးသံယောဇဉ်ကလေးက ထင်ထင်ရှားရှား ဝင်ရောက်လာလေ့ရှိ၏ ။

သီချင်းသံစကြားသည်နှင့်  စိတ်ကူးထဲ အလိုအလျောက် ပေါ်ပေါက်လာသူ ဂျစ်တူးလေးဘက်ကို မသိမသာ စောင်းငဲ့ကြည့်လိုက်သည် ။ ကားမောင်းနှင်ခြင်းမှာသာ အပြည့်အဝအာရုံစိုက်ထားတဲ့ ဂျစ်တူးကလေးက ကြည့်ကောင်းခြင်းအဖြာဖြာ ကို  ပိုင်ဆိုင်ထား၏ ၊  တစ်ချက်မှ အကြည့်မလွှဲမိချင်စရာ
ကြည့်ကောင်းလွန်းသည် ။ ဒါပေမယ့်လည်း ဒီထက် ကြာကြာ ထပ်ငေးလျှင် ခုနကလို လူမိသွားမည်  စိုး၍ မြန်မြန်လေး အကြည့်လွှဲရ၏ ။

°°° 니모든 것이 좋아
မင်းရဲ့ အရာအားလုံး ကို သဘောကျတယ်
머리부터 발끝까지 지도
ခေါင်းကအစ ခြေဖျားအဆုံးထိ
족그만 행동까지 하나 하나
အသေးအဖွဲ လှုပ်ရှားမှုလေး တစ်ခုချင်းစီ တစ်ခုချင်းစီတိုင်း
너와 함께라면 즐거위
မင်းနဲ့ အတူရှိရရင်ကို ပျော်နေတာ
시간이 지날수록 더 좋아져
အချိန်တွေ ကြာလာလေလေ ပိုသဘောကျလာလေလေပါပဲ °°°

အလွတ်ရနေသည့် သီချင်းစာသားတို့ကို တိုးလျလျ လိုက်ဆိုမိတော့ ရင်ခုန်သံဟာ အလိုအလျောက် လျင်မြန်လာ၏ ။ ရည်ရွယ်သူဟာ ဘေးမှာရှိနေသည်မို့  ဆတိုးခုန်နေသည်လားတော့ ဆောနူလည်း သေချာမသိတော့ပါ ။

Cigarettes [ SunKi ]Where stories live. Discover now