Cigarettes ( 2 )

2.1K 185 0
                                    

[ Unicode ]

လွန်ခဲ့တဲ့လေးနှစ်က ဆောင်းဦးရာသီသည် ခါတိုင်းနှစ်များထက် လွန်စွာ ချမ်းအေး၍ အအေးပိုခဲ့ပါသည် ။ ဆောနူနဲ့ နီခီတို့ ပြန်လည်ဆုံတွေ့ခြင်း အစပြုခဲ့တဲ့ နေ့ရက်လေးများ သည် ထိုနှစ် ဆောင်းဦးရာသီတွင် ဖြစ်တည်ခဲ့ပါ၏ ။
______

" ဆောနူ , နေဦး မေမေပြောစရာရှိတယ် ဒီကို လာခဲ့ "

အိမ်ပြန်ရောက်လာလာချင်း အပေါ်ထပ်အခန်းဆီ တက်တော့မည့် ဆောနူခြေလှမ်းများ မေမေ့စကားကြောင့် ရပ်တန့်သွားခဲ့ရသည် ။

သက်ပြင်းတစ်ချက်ချပြီး မေမေရှိနေတဲ့ ဧည့်ခန်းဆီ ခြေဦးလှည့်လိုက်သည် ။ ထုံးစံအတိုင်း တော်ကီအပွားခံရဦးမည်မှာ အသေအချာ ...။

ထိပ်တန်း သူဌေး မိသားစု၏ အိမ်ဖြစ်သည့်အလျောက် အိမ်၏ ဧည့်ခန်းအပြင်အဆင်မှာ အထူးတလည် ငေးကြည့်ချင်စရာပင်ကောင်းအောင် အသေးစိတ်ကျ ခမ်းနားလှပ၏ ။

မေမေသည်လည်း ပင်ကိုယ် အဆင်းသည်ပင် နှစ်လိုဖွယ်ရှိသည့် အမျိုးသမီးဖြစ်သည် ။ ဤအိမ်၏ အရှင်သခင် ဒယ်ဒီ ၏ ချစ်မဟေသီ မေမေသည် အသက်အရွယ် ရလာသည်နှင့်အမျှ တည်ငြိမ် တည်ဝါသည့် အလှသည် ပိုထင်ရှားလာပြီး အသက်လေးဆယ်အရွယ် အမျိုးသမီးဆိုတာပင် ယုံချင်စရာမရှိ ...။

ဆောနူ လွယ်ထားတဲ့ လွယ်အိတ်ကို ချွတ်ပြီး မေမေ့ဘေးမှာ ပျင်းရိပျင်းတွဲ ဝင်ထိုင်လိုက်သည် ။

" အထက်တန်းနောက်ဆုံးနှစ် ကျောင်းသားဖြစ်နေပြီနော် ၊ လျှောက်လည်နေတာတွေ ရပ်ပြီး စာကိုအာရုံစိုက်တော့ "

ဆောနူ ခေါင်းညိမ့်ပြလိုက်သည် ။ ရွယ်တူ သူငယ်ချင်းတွေကြားမှာ ဘယ်လောက်ပဲ ခပ်ဆိုးဆိုး ကောင်လေးအဖြစ် နာမည်ကြီးပါစေ မေမေ့ရှေ့မှာတော့ ကိုယ့်က်ိုယ်ကို ကလေးလေးလို့သာ ခံစားရပါသည် ။

" ခေါင်းပဲ ညိမ့်ပြလို့မရဘူးနော် လက်တွေ့ရော နားထောင်တော့ ဆောနူလေး ၊ ကြားလား ? ဒါနဲ့ ခုရော ဘယ်ကပြန်လာတာလဲ "

ဆောနူ ပြန်မဖြေပဲ ဇက်လေးပုဝင်ပြီး ရယ်ကျဲကျဲလုပ်ပြလိုက်သည်။ မေမေသည် ဘဝင်မကျစွာ မျက်ခုံးများကို အနည်းငယ် တွန့်ချိုးပစ်ပြီး ဆုံးမစကားများ ဆက်လေသည် ။

Cigarettes [ SunKi ]Where stories live. Discover now