Ending

2.2K 201 12
                                    

[ Zawgyi ]

ဒီနေ့က ဆောနူနဲ့ နီခီရဲ့ ချစ်သူသက်တမ်း တစ်နှစ်ပြည့် ။

ဒါပေမဲ့ ဆောနူရဲ့ သံယောဇဉ် ဂျစ်တူးလေးကတော့ မနက်ကတစ်ခါပဲ ဖုန်းဆက်ပြီး အရေးမလုပ် ။ ခုလည်း တွေ့ချင်လှပါသည်ဆိုတာကို လာမခေါ်ပဲ မနှစ်က သူမွေးနေ့လက်ဆောင်ပေးထားသည့် ခြံကို လာခဲ့ ဟူ၍သာ ခေါ်သည် ။

ဒီတော့လည်း ဘာမဆို  အလိုလိုက်ချင်သည့် ဆောနူကပဲ ကားကို အပြေးလေးမောင်းပြီး လိုက်လာခဲ့ရသည် ။ စိတ်ထဲတွင်တော့ နည်းနည်း ကောက်ချင်နေပြီ ။

ခြံရှေ့ရောက်တော့လည်း ထွက်ကြိုမနေ ။ ဆောနူကပဲ ဒီခြံအကျယ်ကြီးကို  ဖြတ်လျှောက်ပြီး သူ့ဆီရောက်အောင် သွားရပါဦးမည် ။

ဒီလိုနှင့် ခြံတံခါးကို ဖြတ်ပြီး စအဝင်  မိုးပေါ်ကို ထိုးတက်လာသည့် ရောင်စုံပူဖောင်းများကို ဆောနူ တွေ့လိုက်ရသည် ။ ငေးကြည့်နေရင်း ဆောနူမှာ တအံ့တသြ ။ ဒီကလေး ဒါတွေကို စီစဉ်ထားတာလား ။ 

မိုးပျံပူဖောင်းရောင်စုံကို  ငေးနေမိရင်း ဆက်ပြီး ခြေလှမ်းမည် အလုပ် ၊ ခြံထဲတွင်  အပင်ပျိုးသည့် လူများက  ဆောနူထံ ရောက်လာကြသည် ။

ကြောင်ငေးကြည့်နေမိတုန်းမှာပဲ  ဆောနူ လက်ထဲသို့ အနီရောင် နှင်းဆီပွင့်ပေါင်းများစွာ ပါဝင်သည့် ပန်းစည်းကြီးကို ကမ်းပေးလာကြ၏ ။ ပန်းစည်းကို ဆောနူ လှမ်းယူရင်း အောက်နားတွင် ပါလာသည့် ကတ်ပြားလေးကို ကြည့်လိုက်တော့ " ကိုကို့ကို ကျွန်တော် သိပ်ချစ်တယ် " ဟူ၍  ရေးထားသည့် စာသားလေးကို တွေ့သည် ။

အခုချိန် ဆောနူ အကြီးကြီးပြုံးနေမိလား မသိပါ ။ ပန်းစည်းကို တယုတယ ထွေးပိုက်လျက် ခြေလှမ်းတွေကိုသာ ခပ်သွက်သွက် လှမ်းရင်း ချစ်သူကောင်ကလေးကို ရှာနေမိသည် ။

သိပ်မကြာ ၊ ဆောနူ စိုက်ခိုင်းထားသည့် အနီရောင်ကျူးလစ် ပန်းခင်းတွေနားမှာ  ရပ်စောင့်နေသည့် ချစ်သူလေးကို တွေ့သည် ။  ဆောနူ သူ့ဆီကို ပြေးလာတာတွေ့တော့ လက်နှစ်ဖက်ကို ဆန့်တန်းကာ ဆီးကြိုနေလေ၏ ။

သူ့ရင်ခွင်ထဲ အရှိန်နှင့် အပြေးလေး တိုးဝင်လိုက်သည်ကိုပင် ယိုင်လဲမသွားပဲ တည်ည်ငြိမ်ငြိမ် ဆွဲပွေ့ထားနိုင်သည့် ကောင်ကလေးမျက်နှာမှာလည်း အပြုံးပန်းတွေဟာ ဝေဝေဆာဆာ ဖူးပွင့်နေသည် ။  ကျူးလစ်ပန်းတို့်၏  အလှသည်ပင် သူ့အပြုံးအောက်  အရောင်မှိန်နေမည် ထင်၏ ။

Cigarettes [ SunKi ]Where stories live. Discover now