[ Zawgyi ]
" တစ်ခေါက် ထပ်ပြောဦး , ရီခီ "
" ဘယ်နှခါကြားချင်တာလဲဗျာ .. "
" ပြောပါဦးဆို .. "
"ဆောနူကို သဘောကျတယ်လို့ ... ချစ်တယ်လို့ ... အများကြီးလို့ !! "
စကားအဆုံးတွင် ကိုကို့မျက်နှာ၌ မြူးထူးရိပ်တွေ ဖြတ်ပြေးကုန်သည် ။ နှလုံးသားမှတ်တမ်းတွင် ဒီအခိုက်အတန့်လေးအား သိပ်လှသည့် ညဆည်းဆာလေးအဖြစ် သိမ်းထားချင်မိပါ၏ ။
" ကိုကို ... တစ်ခုခု ပြန်ပြောဦးလေ "
" ဘာပြန်ပြောရမှာလဲ ? "
" ကျွန်တော့်စကားကို ဘယ်လိုသဘောရကြောင်းပေါ့ "
" ငါအခုပြောထားလည်း မင်းက မနက်အမူးပြေရင် မေ့သွားမှာပဲကို ... "
" ဘာပဲဖြစ်ဖြစ်ဗျာ .. ကျွန်တော်အခု တစ်ခုခု ကြားချင်တယ် ။ ပြောပါ ကိုကိုရာ "
" ပြောရမှာလား ? "
" အင်း "
ကိုကို့ဆီက သက်ပြင်းချသံတစ်ချက်ကို ကြားလိုက်ရသည် ။ နောက်ပြီး ကားစတီယာရင်ကို သေချာပြန်ဆုပ်ကိုင်ပြီး ပြုံးနေ၏ ။ ပြုံးရုံသာပြုံးနေပြီး အဖြေမပေးလာသူကို နီခီ စိုက်သာ ကြည့်နေလိုက်သည် ။
" ပြောတော့မယ်နော် "
နီခီ ခေါင်းညိမ့်ပြလိုက်သည် ။
" ကို .. ကိုကိုလည်း ... "
စကားကို အပြီးထိ ဆက်မပြောပဲ နီခီ့ဘက်ကို လှည့်ကြည့်လာသည် ။ ပြီးမှ
" ကိုကို ... လည်း ရီခီ့ကို သဘောကျတယ် "
ရပြီ !! နောက်ဆုံးတော့ ရီခီ့် အစီအစဉ်ရဲ့ အောင်မြင်မှုကို ရရှိပါပြီ ။
" ရင်ထဲက အဖြေလား ? ကိုကို .. "
" အင်း ... ငါက မင်းကို ရင်ထဲက အဖြေမဖြေလို့ ဘယ်ထဲက အဖြေဖြေရမှာလဲ ငမူးရဲ့ "
နီခီ ကျေကျေနပ်နပ်ပင် ပြုံးလိုက်မိသည် ။ ရင်မှ ဖြစ်တည်လာသော ဤအပြုံးသည် ကြယ်တွေနှင့်အပြိုင် တောက်ပနေပေလိမ့်မည် ။ မဟုတ်သေး .. အချစ်စွမ်းအား၏ တောက်ပမှုကို ကြယ်တွေကပင် အရှုံးပေးရပါလိမ့်မည် ။
YOU ARE READING
Cigarettes [ SunKi ]