[ Zawgyi ]
" ဟယ်လို ! ရီခီလား "
" အင်း ... ဆောနူ ပြော "
ညနှစ်နာရီလောက်ကြီး ဖုန်းခေါ်လာသည့် ကိုကို့ကြောင့် နီခီ့မှာ အိပ်မှုန်စုံဝါးနှင့် ပြန်ဖြေနေရသည် ။
" မင်း Tulip တွေကို သဘောကျလား ? "
" အင်း .. သဘောကျပါတယ် ဘာလို့လဲ ? "
" ဒါဆို မင်းခြံထဲမှာ Tulip တွေ စိုက်ကြရအောင် "
တစ်ဖက်က ကိုကို့အပြောကြောင့် ရီခီ့မှာ အိပ်ချင်မူးတူးမျက်လုံးတွေကို ပွတ်ရင်း ခပ်တိုးတိုးလေးရယ်မိသည် ။ ခြံထဲ ခေါ်သွားပြီးသည့် နေ့ကတည်းက ကိုကိုဟာ ခြံအကြောင်းကို တသိမ့်သိမ့်တွေးပြီး ဒီလိုပဲ နီခီ့ဆီကို ခဏခဏ လှမ်းပြောတတ်၏ ။
" စိုက်လေ ။ ဆောနူရဲ့အပိုင် ဖြစ်သွားပြီမလို့ ဆောနူ ကြိုက်တာစိုက်လို့ရတယ် သဘောကျတာ အကုန်စိုက် "
" မင်းကလည်း .. မင်းရော ငါရော ပိုင်တဲ့ ခြံပါ ... ။ ပြီးတော့ အရေးကြီးတာ Tulip ကို အနီရောင် မျိုးတွေချည်းပဲ ရွေးစိုက်မယ်နော် "
" ဆောနူ သဘောကျသလိုလုပ်ဗျာ "
" အင်းအင်း အဲ့တာဆို ဒါပဲ အိပ်တော့ ! ညက bar မှာ အယ်လ်ကိုဟောအရှိန်များထားသေးလား? "
" မများပါဘူး ဆောနူကလည်း "
" ပြီးတာပဲ ဒါဆို ဖုန်းချပြီ "
" အိုခေဗျာ ။ ကျွန်တော့်ဆောနူ အိပ်မက် လှလှမက်ပါစေ "
•••••••
🌷🌷🌷
" အနီရောင် Tulip ပန်း တွေက အချစ်ကို ကိုယ်စားပြုတယ် ။ အဓိပ္ပာယ်ကတော့
' ပြီးပြည့်စုံသည့်အချစ် ' တဲ့ ..။ "ဒိုင်ယာရီစာအုပ်လေးထဲ ချရေးဖြစ်လိုက်သည့် စာသားတို့ကို တိုးတိုးရေရွတ်ရင်း ကိုယ့်အတွေးနှင့်ကိုယ် ဆောနူတစ်ယောက် သဘောတကျ ပြုံးနေဖြစ်တော့သည် ။
ဘာလိုလိုနှင့် သူနှင့် ရီခီ ပြန်ဆုံတာတောင် လေးနှစ်ရှိခဲ့ပြီပဲ ...။
🌷🌷🌷
•••••••
မြို့၏ အနည်းငယ် ဂျောင်ကျသော ဘားအသစ်တစ်ခုတွင် နီခီ တစ်ခွက်စ နှစ်ခွက်စ အနည်းငယ် သောက်နေလိုက်သည် ။ မူးနေသူအဖြစ် ဟန်ဆောင်ဖို့ အရက်နံ့ နည်းနည်းထွက်နေမှ ဖြစ်မည်လေ..။
YOU ARE READING
Cigarettes [ SunKi ]