< 3 >

1.7K 192 13
                                    

[ Unicode ]

" Miss Kim ရေ... မတွေ့ရတာ ကြာပြီကွယ် , ကြည့်ပါဦး ဆောနူလေးတောင် ဒီအရွယ်ရောက်နေပြီ "

နီရှီမူရာစံအိမ်တော်ထဲ ဝင်ဝင်ချင်း လူကြီးတွေက နှုတ်ဆက်ထောပနာပြုနေကြသည် ။ ဆောနူကတော့ စံအိမ်ရဲ့ လူတွေကြားထဲ တွေ့ချင်နေမိတဲ့တစ်ယောက်သောသူကိုသာ အသဲအသန် ရှာနေရ၍ လူကြီးတွေရဲ့စကားကို အာရုံမရ ။

" သား ... ဆောနူလေး "

မေမေ့ဆီက ခေါ်သံကြားမှ အာရုံတွေကို ပြန်စုစည်းရသည် ။

" ဆောနူလေး ဘာတွေတွေးနေတာလဲ ? လူကြီးတွေကို ပြန်နှုတ်ဆက်လိုက်ဦးလေ "

မေမေ့လေသံမှာ ဆူချင်တဲ့အသံ အနည်းငယ် စွက်လာ၏ ။ ထိုအခါမှ ဆောနူလည်း အာရုံမလွင့်အားတော့ပဲ ပြောလာသမျှစကားတိုင်းကို ပြုံးရုံသာမည်တဲ့ အပြုံးလေးနဲ့ အတူ ခေါင်းညိမ့်အသိအမှတ်ပြုနေရတော့သည် ။
___________

Dinner စားပွဲဝိုင်း မှာ ဝင်ထိုင်တဲ့အချိန်ထိ ဆောနူ တွေ့ချင်သည့်သူကို မတွေ့ရသေး။ အလိုမကျဖြစ်လာတဲ့ စိတ်ကြောင့် ရှေ့က အရသာစုံလင် ဟင်းလျာများကိုပင် စားချင်စိတ်နည်းနည်းလေးတောင်မရှိတော့ ။ သက်ပြင်းသာ အခါခါချနေမိတော့သည် ။

" ဟော .. ရီခီ ဆင်းလာပြီ "

ထိုစကားကိုကြားမှ ဆောနူမှာ ခေါင်းငိုက်စိုက်ကျနေရာမှ ညွှန်ပြရာဘက်ဆီ အလောတကြီး လှမ်းကြည့်မိတော့သည် ။ စံအိမ်ရဲ့ လှေကားထစ်တွေပေါ်ကနေဆင်းလာတဲ့ အဖြူရောင် suit အပြည့်နဲ့ ကောင်လေး ၊ ရွှေအိုရောင် ဆံပင်တွေကို အကျအန သပ်တင်ထားပြီး မျက်ဝန်းဆီက အကြည့်တွေမှာ ဒီလောကကြီးတစ်ခုလုံးက သူ့ရှေ့မှာ ခစားထားရသလို အရှိန်အဝါတွေအပြည့် ။

မျက်နှာလေးကတော့ ငယ်ရုပ်မပျောက်သွားပေမယ့် ဆောနူ ငယ်ငယ်က ခင်တွယ်ဖူးတဲ့ ချစ်စဖွယ် အသွင်နဲ့ ကောင်ကလေးမဟုတ်တော့ပေ ။

" ရီခီလေးက တော်တော်ကို ထွားလာတာပဲ , ကြည့်ပါဦး မင်းကိုကို ဆောနူ နဲ့တောင် အရပ်က တူတူလောက်ရှိနေပြီ "

Dinner စားပွဲမှာ ဝင်ထိုင်ရန်ပြင်နေသည့် ရီခီ့ကို တစ်လှည့် ၊ ဘေးက ဆောနူကို တစ်လှည့် ကြည့်ပြီး တအံ့တသြပြောနေတဲ့ မေမေ.. ။

Cigarettes [ SunKi ]Where stories live. Discover now