5

1.6K 172 5
                                    

[ Zawgyi ]

" ငါ့အခန်းထဲမှာ ဆေးလိပ်မသောက်ပါနဲ့လို့ ခဏခဏပြောထားတာကို ! "

ပြောရင်း သူ့နှုတ်ခမ်းကြားက စီးကရက်ကို ဆောနူ ဆွဲယူလိုက်သည် ။

ဒီကောင်လေး ကြာလေ ပိုဆိုးလာလေ ၊ အလိုလိုက်မှန်းသိတော့ ပြောစကား လုံးဝ နားမထောင်တော့ ၊ သူလုပ်ချင်ရာသာလုပ်သည် ။ အထူးသဖြင့် ဆိုးချင်တိုင်းဆိုးလို့ရနေသည့် ဆောနူ ဆီမှာတော့ ပိုချွဲ ပိုဆိုးသည် ။

" ဆောနူ က လည်း ဗျာ ! "

ဆွဲယူထားလိုက်တဲ့ ဆောနူလက်ထဲက စီးကရက်ကို တစ်လှည့် ဆောနူ မျက်ဝန်းတွေဆီကို တစ်လှည့် ကြည့်နေပြီး ခပ်တိုးတိုးလေးရေရွတ်လာလေသည် ။

" အခန်းထဲမှာ မသောက်လို့ ဘယ်မှာ သောက်ရမှာလဲ ? အပြင်မှာသွားသောက်လို့ အန်တီတို့တွေ့သွားမှ အရိုက်ခံနေရမှာပေါ့ "

" အဲ့တော့ ဘယ်မှာမှ မသောက်နဲ့တော့ပေါ့ ! "

ဆောနူ သူ့နဖူးပြင်ကို လက်ညှိုးနှင့် အသာလေးတွန်းလိုက်ပြီး စကားဆက်လိုက်သည် ။

" မင်း ဆေးလိပ် တအားစွဲနေပြီနော် ! ခဏခဏသောက်တာ မကောင်းဘူးဆိုတာကိုလည်း မင်းသိတယ် ဒါကိုလည်း ရရင်ရတဲ့နေရာမှာ လူကြီးတွေလစ်ရင်လစ်တဲ့အချိန်မှာ ဆက်တိုက်သောက်နေတာပဲ ! "

ဆောနူက ဆူသလို ပြောလိုက်တော့ မျက်နှာငယ်လေး ဖြစ်သွားကာ မျက်တောင်တွေကို ပုတ်ခတ်ပုတ်ခတ် လုပ်တော့သည် ။

ခဏအကြာ ဆောနူ ပေါင်ပေါ် ခေါင်းတင်ပြီး လှဲအိပ်လာ၏ ။ နှစ်ယောက်သားက ဆောနူ အခန်းထဲက ကုတင်ဘေး ကော်ဇောပေါ်မှာ ကပ်လျက် ထိုင်နေသည်မို့ အလွယ်တကူ လှဲအိပ်ချဖို့ အဆင်ပြေသည် ။

" ကိုကို ... ကိုကိုရေ ဒီကို ကြည့်ပါဦး "

လူပေါ်လာပြီး အိပ်ကတည်းက ချွဲတော့မည် ဆိုတာ သိ၍ ဆောနူ မျက်နှာလွှဲ မသိချင်ယောင် ဆောင်နေလိုက်သည် ။ ဒါကို သိသည့်သူက နှုတ်ခမ်းတထော်ထော်နှင့် တစာစာ ခေါ်နေတော့၏။
သူ့ကို ပြောတာ လေသံနည်းနည်းမာလာရင် ဘယ်သို့်ဘယ်ပုံ ချွဲပြီး ချော့ရမည်ဆိုတာကို သူသိသည် ။ တကယ့် လူလည် မနိုင်စိန်လေး ။

Cigarettes [ SunKi ]Where stories live. Discover now