[ Zawgyi ]
" ရီခီ , မင်း .. စီးကရက်တွေ ပြန်သောက်နေတာလား ? "
သိချင်စိတ်နှင့် ဘေးကို စောင်းငဲ့မေးတော့ ပုံဖော်မရတဲ့ မျက်ဝန်းရိပ်တို့နှင့် ပြန်ကြည့်လာသည် ။
မင်း မျက်ဝန်းရိပ်တွေကို အမှီလိုက်ဖတ်ရတာ ခက်လိုက်တာ ဂျစ်တူးလေးရာ ...။
" တခါတလေပါ "
ရယ်ကျဲကျဲပြောလာတဲ့ စကားကြောင့် ဆောနူ မျက်မှောင်တို့ကို ကြုတ်မိသွားသည် ။
" ငါပြောတာကို နားထောင်ပါဆို ! အဲ့တာတွေကို မင်းစွဲလွန်းလို့ မသောက်ခိုင်းတာ! ဒီလိုနဲ့ အရင်လို နေ့တိုင်းသောက်ချင်တဲ့ထိ ပြန်စွဲသွားရင် ဘယ်လိုလုပ်မလဲ ? တစ်ခါလည်း တစ်ခါပဲ ! လုံးဝမထိပါနဲ့တော့ ကိုကို့ဂျစ်တူးရာ "
" ဆောနူကဗျာ ... တကယ်ပဲ စိတ်ပူတတ်လိုက်တာ "
ဝါဖျော့ဖျော့ ပြိုင်ကားလေးကို ဟန်ပါပါ မှီရပ်နေရင်း ရွှင်မြူးရိပ်မျက်ဝန်းတွေနှင့် တစ်လုံးချင်း ရယ်သံသွေးပြောလာတဲ့ သူ့ဆီကို ဆောနူ မျက်စောင်းတွေ ပစ်လွှတ်လိုက်သည် ။
" စိတ်ပူတတ်မှာပေါ့ ! မင်းက စိတ်ပူအောင် သိပ်လုပ်တာကိုး "
" ဒါဆို ကျွန်တော့် အပြစ်ပေါ့ "
" မင်းအပြစ်မဟုတ်လို့ ငါ့အပြစ်လား ? "
အံကြိတ်ပြောလိုက်တော့ သဘောတကျ ရယ်မောလာပြန်သည် ။ ဒီကလေး ဒီနေ့ခဏခဏရယ်နေလိုက်တာ ...။
" ဆောနူက တကယ် ကလေးကျနေတာပဲဗျာ"
" ကလေးဆန်တယ်ပြောချင်တာလား ? "
" ဟောဗျာ! မဟုတ်ရပါဘူး ! ချစ်စရာကောင်းလို့ ကလေးနဲ့တူတယ် ပြောတာပါဗျာ "
" အဲ့လိုဆိုလည်း ပြီးတာပဲ ! "
အောက်နှုတ်ခမ်းတစ်တောင်လောက် ဆူထွက်နေတဲ့ ကိုယ့်ထက် နှစ်နှစ်ကြီးတဲ့ ကလေးကြီးကို ကြည့်ရင်း သဘောတကျ ကော့ညွတ်နေတဲ့ နှုတ်ခမ်းတွေကို ထိန်းချုပ်ဖို့ရာ မတတ်သာတော့ ...။
ခုတစ်လော ကိုကိုက တအား ရစ်လာသည် ။ စကားအခွန်းတိုင်းကို အထာကောက်တတ်တဲ့ ကောက်စိန်လေးဖြစ်လာလို့ သူ့မှာ အခေါက်ခေါက်အခါခါ ပြန်ချော့ရ၏ ။ တကယ်စိတ်ဆိုးလို့ ကောက်တာလည်းမဟုတ် ၊ ချော့မည်ဆိုတာကိုသိလို့ တမင် ကောက်ပြနေခြင်းဖြစ်သည် ။ ဒါကိုသိတဲ့ နီခီကတော့ ကောက်ပြီးချော့မရတဲ့အချိန်တိုင်း ကိုကို ဟုသာ ချွဲ၍ စိတ်ဆိုးပြေစေရတော့သည် ။
YOU ARE READING
Cigarettes [ SunKi ]