13

1.2K 143 8
                                    

[ Zawgyi ]

" ရီခီ .. ငါ့ကို  မှန်မှန်ဖြေ .. မနေ့ညနေက ဘယ်ကိုရောက်နေတာလဲ "

" မနေ့ညနေကလား အိမ်မှာလေ "

နီခီ ဝေ့လည်ကြောင်ပတ် ဖြေကြည့်တော့ ကိုကိုက မျက်ခုံးတွေ တွန့်ချိုးသွားသည် ။

" ညာနေတာ  .. မင်းကားထွက်သွားကို တွေ့လိုက်တယ်တဲ့ "

" ဟားဟား .. ကိုကိုက စပိုင်တွေထားထားတာလား "

"  အဲ့တာအရေးမကြီးဘူး .. မနေ့က ဘယ်သွားနေတာလဲ ပြောပြ ။ အဲ့တာသိရမှ ဖြစ်မယ်"

" အဲ့တာ .. အဲ့တာက ဒီတိုင်း ဂျောင်ဝန်းဆီ သွားလည်တာ "

" မင်း ... မညာနဲ့နော် "

" အင်း မညာပါဘူး "

" ဒါဆို  ငါ့ကို ခုနက ဘာလို့ အမှန်အတိုင်း မဖြေတာလဲ "

" အဲ့တာက ... ဒီတိုင်း "

စကားပင်မဆုံးသေး ၊ ကိုကိုက မျက်နှာတစ်ဖက်လှည့်သွားသည်ကြောင့် နီခီ့မှာ ပူထူလာသလိုပင် ။

" ရီခီ ! မင်း ငါ့ကို ချစ်သေးရဲ့လား  "

" ကိုကိုက ဘယ်လိုမေးလိုက်တာလဲ ? မချစ်စရာလားဗျာ "

" ထပ်မေးဦးမယ် .. ငါက အရေးပါသေးရဲ့လား "

" ကိုကိုရာ .. "

" ဒါဆို ဘာကို ဖုံးကွယ်ထားရတာလဲ ၊ ငါမသိအောင်  ဘာလုပ်နေတာလဲ  "

" ဘာမှမလုပ်ပါဘူး ကိုကိုရ "

ကိုကို့ဆီမှ သက်ပြင်းချသံတစ်ချက်ကြားလိုက်ရပြီး အနည်းငယ် စိမ်းသက်သည့် မျက်ဝန်း အကြည့်တို့ကို လက်ခံရရှိလိုက်သည် ။

" မင်း ငါ့ကို စိတ်ကစားခဲ့တာတော့ မဟုတ်ဘူး မလားဟင် "

"မဟုတ်ရပါဘူး၊ ဒါကိုတော့ ယုံနော်  ။ ဒီအချိန်တွေအတွင်း ကိုကို့်တစ်ယောက်တည်းကိုပဲ ချစ်ခဲ့တာ ကိုကို့အသိပဲလေ မနက်ဖြန်ဆို ချစ်သူရည်းစား ဖြစ်တာ တစ်နှစ်တောင် ပြည့်တော့မှာကို ...  ကိုကိုရာ "

" ဟုတ်တယ် ၊ တစ်လျှောက်လုံး ငါ့ကိုပဲ ချစ်ခဲ့တာဆိုပေမယ့် ဒီရက်ပိုင်း မင်း မူမမှန် ဖြစ်နေတယ် ။ မချစ်ခဲ့ပဲ စိတ်ကစားခဲ့ရုံသာဆိုရင်  ရက်တွေကြာလာတော့ ငြီးငွေ့လာတာများလား .. "

Cigarettes [ SunKi ]Where stories live. Discover now