7

1.4K 169 5
                                    

[ Zawgyi ]

" သူများကို အတန်းလစ်ခိုင်းလိုက် ၊ ကားပတ်မောင်းခိုင်းလိုက်နဲ့ နီရှီမူရာရီခီက သိပ်ပျော်နေတယ်ပေါ့ "

Lover seat မှာ အခန့်သား ထိုင်လိုက်လာရင်း ပျော်မြူးနေတဲ့ အထက်တန်းနောက်ဆုံးနှစ် ကျောင်းသားလေးကို ကြည့်ပြီး ဆောနူ အူတွေအသဲတွေယား ၊ စချင်လာရသည် ။

" ဒါပေါ့ ! ဆောနူ မောင်းတဲ့ ကားကို လိုက်စီးရတာ အပျော်ဆုံးပဲ "

" ပျော်မှာပေါ့ ! မင်း သွားချင်သမျှ အကုန် လိုက်ပို့ပေး ၊ ဂျီကျသမျှ ပတ်မောင်းပေးနေတာကို ... သဘောတွေ့နေမှာပေါ့ ဟုတ်တယ်မလား ? "

" မဟုတ်ပါဘူး !! ဆောနူ မောင်းပေးလို့ ပျော် ..တာ "
" အပိုတွေ ! "

" မပိုပါဘူး .. ကျွန်တော် အထက်တန်းပြီးသွားရင် ကားမောင်းသင်ပေးနော် "

" စကားနားထောင်ရင် သင်ပေးမှာ ၊ ဒီလိုမျိုး ဆိုးပေပြီး ဂျီကျလိုက်ရစ်လိုက် လုပ်နေရင်တော့ ငါက နိုး( No ) နော် "

ဆောနူ အပြောကြောင့် ဘေးကကောင်ကလေးက အောက်နှုတ်ခမ်းတစ်တောင်လောက် ဆူလျက်နှင့် မျက်စောင်းထိုးလာသည် ။ ဆောနူရဲ့ သံယောဇဉ်ကလေးက တကယ့် ချစ်စရာ ကလေးဆိုးလေးပါ..

" ဆောနူက ကျွန်တော့်ကို ငြိုငြင်နေပြီ "

" ဟမ် ! ဘယ်မှာငြိုငြင်လို့လဲ ? "

" မသိဘူး ငြိုငြင်နေပြီ !! "

" ဟားဟားဟား "

ခုနက မြူးထူးနေတာသူ မဟုတ်သည့်အတိုင်း အခုကျ လက်ပိုက်လျက် ဆူပုပ်သွားပြန်တဲ့ ကလေးဆိုးလေးကို ကြည့်ရင်း ဆောနူမှာ အသံထွက်ရယ်နေရုံသာ တတ်နိုင်ပါတော့သည် ။

•••••••

ဖြောင့်ဖြူးနေတဲ့ လမ်းမကြီး ထက်ဝယ် တန်ဖိုးကြီး ပြိုင်ကားလေး နှစ်စီးသည် အရှိန်အဟုန် ပြင်းပြင်းဖြင့် အပြိုင် မောင်းနှင်နေကြသည် ။ နှစ်စီးအနက် အနီရင့်ရင့် ဆောနူရဲ့ကားလေးက ရှေ့ကဦးဆောင်သွားလိုက် ၊ တစ်ဖန် နီခီရဲ့ အဝါဖျော့ဖျော့ကားလေးက ပြန်ကျော်တက်သွားလိုက်နှင့် ကစားပွဲကား အလွန်စိတ်ဝင်စားစရာ ကောင်းနေလေ၏ ။

Cigarettes [ SunKi ]Where stories live. Discover now