- 1 -

3.4K 228 50
                                    

Unicode

"ဂျောင်ဝန်း ထ တော့ ကျောင်းချိန်နီးပြီ"

နေသာသော တစ်မနက်ခင်း၌ ခါတိုင်းကဲ့သို့ပင် နံနက်ခင်းချိန်ခါ တေးသံသာကို ကြားနေရစမြဲ ဖြစ်သည်။

"ငယ်ငယ်... ထတော့ ဆက်အိပ်ရင် ပထမအချိန်လွတ်လိမ့်မယ်"

ပြောရင်းဆိုရင်း ဟီဆွန်းက အခန်းရဲ့လိုက်ကာကို ဆွဲဖွင့်လိုက်တာမို့ နေရဲ့အလင်းက အိပ်နေသူဂျောင်ဝန်းထံ အစူးသား။ ဂျောင်ဝန်းက မျက်လုံးကို အတင်းညှစ်ပိတ်ကာ လူးလွန့်လာရင်း အောက်ဘက်ခြေရင်းထိ ရောက်အောင် ကန်ချထားသည့် စောင်ကိုခြေထောက်နှင့် ညှပ်ဆွဲယူလိုက်သည်။ နေရောင်နှင့် ဆန့်ကျင်ဘက်ကို လှည့်လိုက်ရင်း ခြေမ နှင့် ခြေညှိုးကြား ညပ်ပါလာသောစောင်ကို လက်ဖြင့်အဆင်သင့်ဆွဲယူလိုက်ရင်း ခေါင်းအထိလုံအောင် ဆွဲခြုံလိုက်သည်။

အကြံသည် အထ မမြောက်လိုက်။
စောင်ကို ဟီဆွန်းက ဆွဲယူလိုက်တာမို့ မျက်လုံးကိုကြိတ်မှိတ်ထားဆဲ သူမှာ တအင့်အင့်သာ အော်ရင်း ကွေးထားလက်စ ခြေထောက်ကိုဆန့်ထုတ်လိုက်သည်။ ဟီဆွန်းက လက်ထဲကစောင်ကို ခေါက်ပေးပြီး တစ်ဖက်က သူ့ကုတင်ဆီ ပစ်တင်လိုက်သည်။

ငယ်ငယ်ကတည်းက အတူတူနေလာခဲ့တဲ့ သူတို့နှစ်ယောက်က လူပျိုဖြစ်သည့်တိုင်အောင် အခန်းမခွဲဖြစ်။ အဖေက ခွဲပေးဖို့ပြောတော့လည်း အခန်းအတူတူမျှသုံးရတာ အဆင်ပြေပါတယ်ဆိုပြီး တစ်ခန်းတည်းသာနေခဲ့သည်။
ဒါကလည်း တစ်ခုတော့ ကောင်းပါသည်။ မနက်အိပ်ရာထတိုင်း ဂျောင်ဝန်း အိပ်ရာ သိမ်းစရာမလိုတော့၊ အစ်ကိုဖြစ်သူကပဲ စောင်ခေါက် အိပ်ရာခင်းဖြန့် အကုန်လုပ်ပေးတာမို့ သူ့အတွက်တော့ ဒီအခန်းမှာနေရခြင်းက တော်တော်သက်သာသည် ပြောရမည်။ အခန်းသန့်ရှင်းရေးကျပြန်တော့လည်း ဟီဆွန်းက ညီဖြစ်သူကို ညှာသည်မို့ သူသိပ်မပင်ပန်းရ၊ စာအုပ်စင် ဖုန်သုပ် တာလောက်ပဲ လုပ်ရတာမို့ ဟီဆွန်းရှိခြင်းက သူ့ဘဝတစ်ခုလုံးအတွက် မပင်ပန်းမကြောင့်ကြရခြင်း၏ အဓိကအကြောင်းအရင်းသာဖြစ်သည်။ တစ်ခါတစ်လေဆိုတွေးမိသည်က ဘုရားသခင်က အီဟီဆွန်းဆိုတဲ့လူသားကို အီဂျောင်ဝန်းအတွက် ပါရမီဖြည့်ဖို့လွှတ်လိုက်သလား လို့ပင်။

Run Away [ heewon ]Where stories live. Discover now