- 10 -

1.2K 174 51
                                    

Unicode

⚠️ရိုင်းစိုင်းသည့်အသုံးအနှုန်းများ သတိပြုပါ⚠️

ညသည် မှောင်သထက် မှောင်လာလေလေ ဟီဆွန်းတစ်ယောက် မနေနိုင်မထိုင်နိုင်အောင် ဖြစ်လာသည်။ လိုက်ကာဖြူဖြူကို ဘေးဘက်သို့ လိတ်ထားသည် ဖြစ်၍ မီးရောင်မှိုင်းပြပြ ထွန်းထားသည့် အခန်းတွင်း၌ လရောင်ဟာ ထိန်စွာဖြာကျလျက်။ ဟီဆွန်းက မျက်မှန်အောက်က မျက်မှောင်တို့ကို ကြုတ်ရင်း ကီးဘုတ် ပေါ်၌ လက်တွေကို ခပ်မြန်မြန် ရိုက်နှိပ်နေသည်။ ဘေးတွင် တင်ထားသည့် ကော်ဖီ ကိုလည်း တငုံ ဆစ်သောက်ပြီး ပြန်ချထားလိုက်သည်။

တိတ်ဆိတ်သော အခန်းတွင်း၌ ကီးဘုတ်မှ လာသော တ‌ဂျက်ဂျက် အသံနှင့် ဟီဆွန်း၏ အလိုမကျသော သက်ပြင်းချသံတို့ကသာ ကြီးစိုးနေသည်။ မကြာသောအချိန်၌ အချိန်ကြာကြာရေးထားရသော ပရိုဂရမ်တစ်ခု ပြီးမြောက်သွားသည် ဖြစ်၍ ဟီဆွန်းက လက်ကိုရှေ့သို့ ဆန့်ထုတ်ကာ ကျောကို ညွတ်ကိုင်းရင်း အပျင်းကြောဆန့်လိုက်သည်။ ထို့နောက် ထို ပရိုဂရမ်အား run button ကိုနှိပ်လိုက်သည်။ အနီရောင်စာတန်းရှည်များသည် screenတစ်လျှောက် ရဲရဲတောက်လျက် ပြကုန်သည်မို့ ဟီဆွန်းက ခေါင်းကို နောက်သို့ လှန်ချလိုက်ရင်း စိတ်ညစ်ညူးစွာဖြင့် ငြီးတွားလိုက်သည်။ အကြောင်းပေါင်း ထောင်ချီအောင် ရေးထားရသည့်အထဲ ဘယ်ချောင်က ဘယ်လိုတက်လာမှန်းမသိသည့် errorကို ကုပ်ကပ် ရှာရဦးမည် ဖြစ်သဖြင့် လှန်ချထားသည့် ခေါင်းကို တဗျင်းဗျင်းသာကုပ်ပစ်ဖို့သာ တတ်နိုင်တော့သည်။

မြင်နေရသမျှ အရာအားလုံးသည် ဘာဆိုဘာမှကို အဆင်ပြေမနေ။
မျက်စိရှေ့မှ အနီရောင်စာတန်းများ ပြနေသည့် laptop screen သည် လည်းကောင်း၊ laptopဘေး၌ ချထားသည့် ကော်ဖီအေးအေးသည် လည်းကောင်း၊ စားပွဲထက်ရှိ မီးအိမ်မှိန်ပြပြသည်လည်းကောင်း အရာရာသည် မြင်ပြင်းကပ်စရာချည်း ဖြစ်လို့နေသည်။ ဟီဆွန်း က ကျစ်ခနဲ စုတ်တစ်ချက်သပ် ကာ laptop ဖုံးကို အုပ်ချရင်း ထိုင်ခုံမှ ထ ရပ်လိုက်သည်။

မှန်ပြတင်းပေါက်မှတဆင့် ဖြတ်သန်းဝင်‌ရောက်လာသော လရောင်သည် ငယ်ငယ့်အိပ်ရာထက်၌ ဝင်းထိန်စွာ ဖြန့်ကျက်နေသည်။ ပြန့်ပြူးနေသည့် မိုးပြာရောင် အိပ်ယာခင်း၊ မိုးပြာရောင် စောင်နှင့် နံရံသို့ ကပ်ထားသည့် ဖက်လုံး နှင့်တကွ သေချာသပ်ရပ်စွာ တင်ထားသော ခေါင်းအုံးငယ်လေး။ စည်းစနစ်ကျစွာ သပ်ရပ်လွန်းလှသော အရာရာသည် လရောင်အောက်၌ ပို၍ပင် တောက်ပနေသည်။

Run Away [ heewon ]Where stories live. Discover now