- 17 -

670 55 14
                                    

Unicode

နွေဦး၏ စာသင်နှစ်နေ့ရက်များမှာ ခက်ခဲလှ၏။ ရှိနှင့်ပြီးသော သူငယ်ချင်း အုပ်စုတို့မှာ ရှောင်ဖယ်သွားကြပြီးနောက် တစ်ကိုယ်တည်း အပယ်ခံ ဖြစ်ခဲ့ရသော နေ့ရက်တို့၌ ကျောင်းစာနှင့်အိမ်သည်သာလျှင် တစ်ဦးတည်းသော အဖော်ဖြစ်ခဲ့ဟန် တူသည်။ သူ၏ ကြောက်စိတ်တို့သည် သူ့အား အရာရာ၏ အဝေးဆုံးသို့ တွန်းပို့ခဲ့၏။

" အဲ့တာကြောင့် ပြောတယ်လေ ၊ ရန်မဖြစ်ပါနဲ့ ဆိုတာကို "

ဂျောင်ဝန်းက ဟီဆွန်းရဲ့ ပါးမို့ထက်က သွေးစို့နေတဲ့ ဒဏ်ရာကို ပိုးသတ်ပေးရင်း ဆေးထည့်ပေးနေရှာသည်။ ဂွမ်းတံအား ကိုင်ထားသည့် လက်နုနုတို့မှာ ဟီဆွန်း၏ မျက်နှာနား၌ ဝေ့ဝဲနေ၏။ ညနေခင်းနေရောင် ဖြာကျနေသည့် အခန်းငယ်မှာ ရွှေအိုရောင် လင်းထင်းနေသည်။ နေရောင်ခြည်ထိုးထားသော ဟီဆွန်း၏ မျက်ဝန်းများမှာ အညိုဖျော့ရောင် ဖြစ်လို့နေကာ မျက်ဆံနက်ကိုပင် မြင်နိုင်လောက်သည်အထိ။

" ခုတော့ ထိခိုက်ကုန်ပြီ ၊ အထက်တန်းတောင် ရောက်‌တော့မှာကို မူကြိုကျောင်းသား အတိုင်းပဲ နည်းနည်းပါးပါး ရန်ရှောင်မယ် မစဉ်းစားဘူး "

ဂျောင်ဝန်း၏ တတွတ်တွတ် ပြောစကားအောက် ဟီဆွန်းမှာ အသံဆိတ်နေမိသည်။ အဘယ်ကြောင့် ရန်ဖြစ်ခဲ့ရသနည်း ဟူသော မေးခွန်းတို့အားလည်း ဖြေချင်ဟန်မတူ။ ဂျောင်ဝန်း ဆေးရုံက ဆင်းပြီး ကျောင်းပြန်တက်သည့် အချိန်၌ ဟီဆွန်းမှာ သူငယ်ချင်းအုပ်စု အား စတင်အဆက်အသွယ် ဖြတ်ခဲ့သည်။ ဖြစ်ပျက်ခဲ့သော အမှားတို့မှာ ထိုသူတို့နှင့် မကင်းဟု ယူဆခဲ့သည့် ဟီဆွန်းမှာ သူငယ်ချင်းအုပ်စုနှင့် ခပ်ကင်းကင်းနေခဲ့၏။ ထိုအပြုအမူက သူငယ်ချင်း လူရမ်းကားအုပ်စုအား အမြက်ချောင်းချောင်းထွက်စေခဲ့သလို ဟီဆွန်းအားလည်း ထိပါးမှုဖြစ်စေခဲ့သည်။ လမ်းအမျိုးမျိုး နည်းအသွယ်သွယ်ဖြင့် ရှောင်ဖယ်ဖို့ ကြိုးစားခဲ့သော်ငြား သစ္စာဖောက်တစ်ယောက်အတွက် လွတ်လမ်း အဘယ်မှာရှိအံ့နည်း။ ထိုအချင်းအရာက ဟီဆွန်း၏ မျက်နှာထက်၌ ပလာစတာ မပြတ်သည်အထိ ဖြစ်လာခဲ့သည်။ ကျောင်းပြောင်းပြေးဖို့ထိ စဉ်းစားခဲ့သော်ငြားလည်း မကြာမီအချိန်၌ပင် အလယ်တန်းပြီးဆုံးကာ အထက်တန်းကျောင်းသို့ ပြောင်းရတော့မည်ဖြစ်တာကြောင့်ရော သူ့၌ ခွဲခွာမသွားချင်သည့် အကြောင်းအရင်းလေးက ရှိနှင့်ခဲ့သည်ကြောင့် တစ်ကြောင်း အရာရာသည်းခံခဲ့သည်ဟု ဆိုရပေမည်။

You've reached the end of published parts.

⏰ Last updated: Feb 10 ⏰

Add this story to your Library to get notified about new parts!

Run Away [ heewon ]Where stories live. Discover now