- 4 -

1.1K 179 13
                                    

Unicode

ခေါင်းလောင်းသံ ဒေါင်ဒင်က ၁၂နာရီ ထိုးကြောင်း ပြသနေလေသည်။

တရားဟော ဆရာ၏ အသံသည် ဘုရားကျောင်းခန်းမ တစ်ခုလုံးဆီ ဩဇာလွှမ်းလျက်။

လောလောလတ်လတ် မြည်ဟည်းသွားခဲ့သည့် ခေါင်းလောင်းသံ၏ တုန်ခါမှုနှင့် ဖာသာ၏ အသံမှလွဲ၍ ဘုရားကျောင်းတစ်ခုလုံးသည် လူများ‌ပြားနေသော်ငြား အသက်ရှူသံပင်လျှင် အပ်ကျသံမကြားရသည့်တမျှ တိတ်ဆိတ်လွန်းနေသည်။

ခန့်မှန်းခြေ လူ ငါးဆယ်‌ခန့်ရှိမည့်လူတန်းစုကြီး၏ အာရုံဟာလည်း ထိုသူတို့၏ နှုတ်ကဲ့သို့ တိတ်ဆိတ်ကောင်း တိတ်ဆိတ်နေမည်။ သို့သော် ထိုအထဲတွင်တော့ လူငယ်တစ်ယောက်ဟာ ချွင်းချက်။ အသံတိတ်နေသော်ငြား အာရုံသည် ရှုပ်ထွေးမှု၏ အနက်ရှိုင်းဆုံး တစ်နေရာသို့ ရောက်နေဟန်တူသည်။ ဆရာ၏အသံကိုလည်း ကြားနေသယောင်နှင့် စင်စစ်မှာမူ နားထဲဝင်ရုံသာဖြစ်မည်။ သူ့အတွေးစတွေက အတိတ်လော အိပ်မက်လော မသေချာခဲ့သည့် အရာတွေဆီ ပျံ့နှံ့နေသည်။

"မိန်းမနှင့် ပေါင်းဖော်သကဲ့သို့ ယောက်ျားချင်း မပေါင်းဖော်ရ"

ဆရာ့၏ အသံသည် ကျယ်သည်ဟု မဆိုသာသော် သူ့နားထဲသို့ ရှင်းလင်းစွာဝင်ရောက်လာသည်။ ထိုစကားက သူ့အတွေးစတွေကို တစ်ခန်းရပ်သွားစေသည်။

"ယောက်ျားချင်း မိန်းမချင်း ပေါင်းဖက်လျှင် ထိုသူတို့နှစ်ယောက်တို့သည် ရွံရှာသောအမှုကို ပြု၍ အသေသတ်ခြင်းကို ခံရမည်။ သေထိုက်သောအပြစ်ရှိ၏ လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။"

ထိုစကားတွေကို သူနားမလည်နိုင်။
အဘယ်ကြောင့် အပြစ်ရှိရမည်နည်း။
ဘုရားသခင်သည် လူသားအချင်းချင်း ချစ်မြတ်နိုးဖို့ လမ်းညွှန်ပြခဲ့သည်။
သို့သော် လူသားချင်းချစ်ခြင်းကြောင့် ဖြစ်ပေါ်လာသည့် အလိုဆန္ဒကိုမူ အဘယ်ကြောင့်များ ရွံရှာသောအမှုဟု ဆိုရသနည်း။
အဘယ်ကြောင့်များ သေထိုက်သည်အထိ အပြစ်ရှိရသနည်း။

မေးခွန်းပေါင်းများစွာသည် သူ့ခေါင်းထဲ အလျှိုလျှိုဝင်ရောက်လာလေလျှင် သူသည် ထိုနေရာမှ ချက်ချင်းဆိုသလို ပြေးထွက်သွားချင်စိတ်များ တဖွားဖွား ဖြစ်ပေါ်မိသည်။
ဘုရားကျောင်းသည် လူတို့၏ စိတ်အေးချမ်းမှုကို ပေးစွမ်းသော နေရာဖြစ်သော်ငြား ဤကျောင်းသည်မူ စိတ်ဒုက္ခကို ပေးစွမ်း၏။

Run Away [ heewon ]Место, где живут истории. Откройте их для себя