- 6 -

1.2K 188 53
                                    

Unicode

"ငယ်ငယ်.. ခဏ လာထိုင်ဦး"

အခန်းထဲဝင်လာပြီး ရေချိုးခန်းတန်းဝင်ဖို့ လုပ်နေတဲ့ ဂျောင်ဝန်းကို codingရေးနေတဲ့ ဟီဆွန်းက လှမ်းခေါ်လိုက်သည်။

"ရေအရင်ချိုးမလို့ ပြီးမှပြော"

သဘက်ကို ပုခုံးပေါ်တင်ရင်း ရေချိုးခန်းဆီဦးတည်နေတဲ့သူကို ဟီဆွန်းက ဆွဲတားထားလိုက်ရင်း

"စကားပြောမယ် လာထိုင်"

ဟီဆွန်းအသံက အံကြိတ်ထားသလို တင်းမာမှုတွေပါနေသည်။ ဂျောင်ဝန်းလည်း ရုတ်တရက် ရှိန်သွားတာမို့ အထွန့်မတက်တော့ဘဲ အစ်ကိုဖြစ်သူဆွဲခေါ်ရာအတိုင်း ကုတင်ပေါ်တွင် ထိုင်နေလိုက်သည်။ ဟီဆွန်းက ရှေ့တည့်တည့်တွင် ခါးထောက်လျက် မတ်တပ်ရပ်ကာ ကြမ်းပြင်ပြိုကျမတတ် သက်ပြင်းကို တဟင်းဟင်း ချလို့နေသည်။

"ဘယ်အချိန်ရှိပြီလဲ"

ဂျောင်ဝန်းက အခန်းဝက နာရီဆီလှမ်းကြည့်ပြီး

"၉နာရီခွဲ"

"အေး! ၉နာရီခွဲ.. ညမှောင်နေတဲ့အထိ အပြင်မှာ ဘာလုပ်နေတာလဲ! ဟမ်"

"ကိုကို မင်းကို တွေ့လိုက်တာ ညနေကျောင်းမဆင်းခင်ကတည်းက"

ဟီဆွန်းအသံမှာ စိတ်အလိုမကျမှုတွေ ညစ်ညူးမှုတွေ ပူပန်မှုတွေ တသီကြီးပါနေသည်။

"ဒီအချိန်ထိ ဘယ်လျှောက်သွားနေတာလဲ.. ဟမ်?"

ဂျောင်ဝန်းက တစ်ဖက်ဆီ မျက်နှာလွှဲထားရင်း မျက်ခုံးတွေကို တွန့်ချိုးထားသည်။ အလဟဿ အပြင်မှာနေနေတာလည်းမဟုတ်၊ အပြင်စာကြည့်တိုက်မှာ စာလုပ်နေခဲ့တာကို၊ ဒီလိုမျိုး မယုံသလိုမျိုး ပုံစံ လာလုပ်ပြတာကို သူတော်တော်စိတ်ဆိုးသည်။ သို့သော်လည်း ဂျောင်ဝန်းက ဘာကြောင့်ပါဆိုတဲ့ ဖြေရှင်းချက်ကိုမပေး။

"ညနေက ကောင်မလေးကရော ဘာလဲ"

"ရည်းစားရနေတာလား"

"ရည်းစားထားတယ်ဆိုလည်း အစ်ကို ကို နည်းနည်းပါးပါး အသိပေးမှပေါ့!"

"ဒီနေ့မှ ရုတ်တရက်ကြီး ဖက်လာတာနဲ့ တန်းတိုးတာ ငါက ဘာမှမသိဘဲ အရူးကြီးကျလို့၊ ရယ်ပြရမလို ပြုံးပြရမလို"

Run Away [ heewon ]Où les histoires vivent. Découvrez maintenant