- 2 -

1.3K 178 20
                                    

Unicode

"ရပ်ပေးပါ.. ကျေး-ကျေးဇူးပြုပြီး ရပ်ပေးပါ"

ရင်းနှီးနေတဲ့ အငွေ့အသက်က သူ့အနားဝဲပျံနေ၏။
တစ်စုံတစ်ယောက်က သူ့ရဲ့ညှပ်ရိုးတွေထဲထိ ကိုက်ခဲနေသော်လည်း ဘယ်သူဘယ်ဝါဆိုတာကို မသိရ။ ဒီကိုယ်သင်းနံ့ကိုလည်း ကောင်းကောင်းသိသလို အဖြစ်အပျက်ကိုလည်း ရင်းနှီးနေသည်။ သူမြင်ရသမျှသည် လေထဲမြောက်နေတဲ့ ခြေထောက်နှစ်ချောင်းနှင့်အတူ သူ့အပေါ်ပိကျနေသည့်ယောက်ျားတစ်ယောက်။ မျက်လုံး‌တွေ ဝါးနေပေမဲ့ မောဟိုက်မှုအစုံ နှင့် ရွှဲနင့်နေတဲ့ ချွေးတွေကို သူခံစားလို့ရနေသည်။

°°°

ထိုအကြောင်းအရာက ဒီနေ့လည်း အိပ်မက်ထဲထိ ဝင်လာပြန်သည်။ တကယ့်လက်တွေ့လား အိပ်မက်လားမသေချာခဲ့တဲ့ ဒီအဖြစ်အပျက်က သူ့မှတ်ဉာဏ်တွေထဲ စွဲကျန်နေသည်။

အချိန်အားဖြင့် ၃နာရီခွဲခန့်ရှိပြီ။
၂နာရီကတည်းက စာသင်ချိန်မရှိတော့တာမို့ စာကြည့်တိုက်ထဲသွားအိပ်နေခဲ့ပေမဲ့ အိပ်လိုက်တိုင်း ထိုအိပ်မက်က အမြဲပေါ်ပေါ်လာတတ်သည်။
ဒါသည် အိပ်မက်ကောင်းလား အိပ်မက်ဆိုးလားဆိုတာ မသေချာ။
သေချာသည်ကတော့ သူ့ရဲ့အော်သံကို ရှင်းရှင်းလင်းလင်း ကြားလိုက်ရခြင်းပင်။

ထုတ်ထားတဲ့စာအုပ်ကို လွယ်အိတ်ထဲပြန်ထည့်လိုက်ရင်း သန့်စင်ခန်းရှိရာဘက်ဆီ ထွက်လာခဲ့သည်။ နာရီဝက်နေရင် အစ်ကိုဖြစ်သူ ကျောင်းဆင်းတော့မှာဖြစ်တာကြောင့် ကန်တင်းကိုလည်း အထူးတလည်သွားမနေတော့။

သန့်စင်ခန်းတစ်ခုလုံး ရှင်းလင်းနေသည်။
ကျောင်းသားတော်တော်များများ ကျောင်းဆင်းသွားပြီဖြစ်တာကြောင့်လည်း လူခြေတိတ်နေခြင်း ဖြစ်ကောင်းဖြစ်နိုင်မည်။
ဘေစင်မှ ရေကျနေသံ နှင့် လက်ကိုပွတ်သပ်ဆေးနေသည့် အသံကလွဲရင် သန့်စင်ခန်းသည် ခြောက်ခြားဖွယ်ကောင်းလောက်အောင်ပင် တိတ်ဆိတ်နေသည်။

ဂျောင်ဝန်း ရေပိုက်ခေါင်းကို ပိတ်လိုက်ပြီး ဘေဇင်ဘောင်ပေါ် လက်ထောက်လိုက်သည်။ မှန်ထဲ ပေါ်နေတဲ့ သူ့ရဲ့ပုံရိပ်ကိုကြည့်ရင်း အစစ်အမှန်လားလို့ ထပ်ခါထပ်ခါတွေးမိသည်အထိ။

Run Away [ heewon ]Where stories live. Discover now