- 5 -

1.1K 172 16
                                    

Unicode

ကျောင်းဖွင့်ရက် ဖြစ်သည့်အလျောက် ယနေ့မနက်ခင်းသည်လည်း ခါတိုင်းကဲ့သို့။

ဂျောင်ဝန်းက သွားတိုက်နေရာမှ မှန်တွင်ပေါ်နေသော သူ၏ပုံရိပ်ကိုသာ စိုက်ကြည့်နေသည်။ ဘေးတွင် တခြားအကောင် ရှိနေသော်ငြား မမြင်ချင်ယောင်ဆောင်ကာ ပြောသမျှ စကားတွေကို မကြားချင်ယောင်ဆောင် အာရုံလွှဲထားသည်။ ပထမဆုံးအကြိမ်တုန်းကလိုတော့ မကြောက်ဖြစ်တော့၊ ဒီရက်ပိုင်းတွေထဲ သူ့ဆီ ခဏခဏ လာနေကျမို့ နေသားလည်းကျနေပြီး ဖြစ်သည်။

"တစ်သက်လုံး စိတ်ထဲမတင်မကျနဲ့ ဒီလိုပဲနေသွားတော့မယ်ပေါ့?"

"မင်းရဲ့ခံစားချက်ကိုလည်း သူမသိ..."

"နောက်ဆုံး..."

"သူ့ဘက်က အိမ်ထောင်ပြုသွားပြီး..."

"သားသမီးတွေမွေးတဲ့အထိ"

"မင်းက တစ်ယောက်တည်း လွမ်းဆွတ်ရင်း ကျန်ခဲ့..."

ဂျောင်ဝန်းက သူ့ဘက်တစ်ချက်စောင်းကြည့်ပြီး ဘေဇင်ဆီငုံ့ရင်း ငုံထားလက်စ သွားတိုက်ဆေးအမြှုပ်တွေကို ဆေး‌ကြောလိုက်သည်။ အနက်ကောင်ကတော့ ဘေဇင်ပေါ်နောက်ပြန်‌ထိုင်နေရင်း သူ့လက်သည်းမည်းမည်းတွေကို လက်ချောင်းချင်းဆိတ်ရင်း ထိုးဆွနေသည်။

"တော်တော်ခေါင်းမာတဲ့ကောင်"

ဒေါက် ဒေါက်

အပြင်ကတံခါးခေါက်သံကြားသည်နှင့် အနက်ကောင်က ဆိတ်လက်စလက်ကို ချလိုက်ပြီး ဘေးတွင်မျက်နှာသစ်နေသည့် ဂျောင်ဝန်းဆီ လှမ်းကြည့်လိုက်သည်။ ထို့နောက် တစ်ချက်ပြုံးရင်း ပျောက်ကွယ်သွားသည့် ပုံရိပ်။

"ငယ်ငယ် မြန်မြန်လုပ် ကိုကို ရေချိုးဖို့လိုသေးတယ်"

ဂျောင်ဝန်းက တံခါးအပြင်မှ လာသည့် စကားသံကို မသိကျိုးကျွံပြုရင်း မျက်နှာဆက်သစ် နေလိုက်သည်။

°°°

ခုရက်ပိုင်းတွေမှာ ဂျောင်ဝန်းက အစ်ကိုဖြစ်သူကို တတ်နိုင်သမျှ ရှောင်နေဖြစ်သည်။ မနက်စောစောထပြီး ကျောင်းကို ဘတ်စ်ကားနဲ့ အစောကြီးသွားတာမျိုး၊ ဟီဆွန်းကျောင်းမဆင်းခင် မြန်မြန်ပြန်လာတတ်တာမျိုးတွေ လုပ်နေသည်။ မလုပ်လို့ကလည်းမဖြစ်၊ ကိုကိုသာ ဒီထက်ပိုပြီး ဒီလိုလုပ်ရပ်တွေ မရပ်တန့်ရင် အခြေအနေဆိုးလာနိုင်တာက သူသာလျှင် ဖြစ်သည်။
ဘာမဆိုဖြစ်နိုင်တဲ့ လောကကြီးမှာ မဖြစ်နိုင်တဲ့အရာကို တန်းတန်းစွဲမိနေခြင်းက ရူးသွပ်ခြင်းထက်ပိုမည်ထင်သည်။ တစ်ခါတစ်လေ သူတွေးမိသည်၊ သူ ကိုကို့ ကို ချစ်တာသေချာရဲ့လား၊ ညီအစ်ကိုခံစားချက်ပဲလား ဆိုပြီး။
ထိုသို့ တွေးတိုင်းလည်း အဖြေသည် ကွဲပြားခြားနားသွားခဲ့သည်မရှိ။
သူကိုကို့ကို ဘယ်တုန်းကမှ အစ်ကိုတစ်ယောက်လို မချစ်ဖူးခဲ့။
သူ့အပေါ် လွှမ်းမိုးအုပ်ချုပ်နိုင်တဲ့ အုပ်ထိန်းသူတစ်ယောက်ထက် ပိုမမြင်ခဲ့။

Run Away [ heewon ]Where stories live. Discover now