'Causes

1.7K 294 25
                                    

What makes them be like that?
(Special episode)

ဘယ်သူတွေက သူတို့ကို ဒီလိုဖြစ်စေခဲ့တာလဲ?

× × × × ×

"ဟိုမှာ.. သားပါပါး"

ဝမ်မာမား ညွှန်ပြသော‌‌နေရာတွင် ထိုင်နေသော ခန့်ခန့်ညားညား လူတစ်ယောက်အား ရိပေါ် မျက်တောင်မခတ်စတမ်း စိုက်ကြည့်နေမိသည်။

ကော်ဖီခွက်ကို ဟန်ပါပါ ကိုင်သောက်နေသော ထိုလူ့ပုံစံက နာမည်ကြီးအိမ်တော်များမှ သခင်ကြီးစတိုင်ဖြစ်ပြီး သူတို့သားအမိကို မော့ကြည့်လိုက်သည့် မျက်လုံးများတွင် မာန်မာနအရိပ်အယောင်တချို့လည်း ရှိနေသည်။

မျက်နှာချင်းဆိုင်ထိုင်ခုံတွင် ဝင်ထိုင်လိုက်သည်အထိ ရိပေါ် က
မျက်နှာကို တည်ထားဆဲ ဖြစ်သည်။

လေအဝေ့တွင် တစ်ချက်တစ်ချက် ရနေသော ဈေးကြီးကြီးရေမွှေးနံ့ကို သူ သဘောမကျပါ။

"သား.. သားပါပါးကို နှုတ်ဆက်လိုက်ဦးလေ.."

လွန်ခဲ့သော ရက်အနည်းငယ်ကတည်းက ပြင်ဆင်ထားခဲ့သော စကားလုံးများက
မြင်မြင်ချင်း ပြေးဖက်လာမည်ဟု ထင်ထားခဲ့သော အတွေးများနှင့်အတူ အချည်းနှီး ဖြစ်သွားပြီဖြစ်သည်။

"ရိပေါ်ပါ.."

"ဝမ်" မျိုးရိုးကို ဖြုတ်ပြောလိုက်ခြင်းကြောင့် အလိုမကျသည့်အရိပ်အယောင်တချို့က ထိုလူ့မျက်နှာပေါ် ဖြတ်ပြေးသွားကြသည်။

ရိပေါ်က ကျေကျေနပ်နပ်ပြုံးလိုက်ပြီး ခါးကိုကိုင်း၍ နှုတ်ဆက်သည်။

အတော်ကြာ မတွေ့ခဲ့ရတာကြောင့်လား၊ သို့တည်းမဟုတ် ဟိတ်ဟန်အပြည့်နှင့် ထိုလူ့ပုံစံကြောင့်ပဲလား မသိ၊
မိသားစု ပြန်လည်တွေ့ဆုံပွဲက ခြောက်ကပ်ပြီး နွေးထွေးမှု ကင်းမဲ့နေ၏။

"ဘာသောက်မလဲ.. မှာလိုက်လေ"

အနိမ့်အမြင့် မရှိသော လေသံက ပေါင်ပေါ်တင်ထားသော သူ့လက်များကို တင်းကြပ်သွားစေသည်။

ဘာမို့လို့လဲ..

သူနဲ့သူ့မာမားကို ဒီလူက ဘယ်လိုတွေ သဘောထားနေတာလဲ!

မျက်နှာချင်းဆိုင်ပြီး စကားပြောဖို့ မထိုက်တန်ဘူးလို့ သတ်မှတ်ထားတာလား..

𝐇𝐨𝐥𝐝 𝐌𝐲 𝐇𝐚𝐧𝐝  ✓Where stories live. Discover now