6

1.7K 263 39
                                    

ပွင့်အာလျက်သား နှုတ်ခမ်းနှစ်လွှာကို ပြန်ပိတ်ဖို့ မေ့နေလောက်တဲ့အထိ ရှောင်းက အံ့သြနေပုံရသည်။

သူလည်း ပြောတုန်းကပြောပြီး လှုပ်ပင်မလှုပ်ရဲတော့..။

ရှောင်း မည်သို့ တုန့်ပြန်မည်ကို စိတ်လှုပ်ရှားရလွန်း၍ ခြေထောက်များမှာလည်း ကျောက်စိုင်ကျောက်သားတို့ကဲ့သို့ ကြမ်းပြင်နှင့် ဆက်သွားပြီ ထင်ရလောက်အောင် ရွှေ့မရဘဲ ရှိနေသည်။

"X..Xiao.."

"ဟင်.."

"ကျွန်တော်.."

ရှောင်းကျန့်လက်တစ်ဖက်အား ဆုပ်ကိုင်ထားဆဲဖြစ်သော ရိပေါ်လက်ဖျားတို့ အေးစက်လာသည်..။

"သဘောမကျရင် .. တောင်းပန်.."

ဆုံးအောင်ပြောခွင့်မရလိုက်သော စကားလုံးတို့က လေထဲ လွင့်မျောပါသွားကြသည်။

ပြတင်းပေါက်ငယ်မှ ဝင်လာသော လရောင်ကား အေးမြလှ၏။

ဖျတ်ခနဲ လင်းလာသော မီးပွင့်များ၏ အလင်းရောင်ကြောင့် လရောင်ဖြူဖြူသည် သူတို့အားနှုတ်ဆက်ကာ ပျောက်ကွယ်သွားလေပြီ။

အေးစက်နေသော သူ့လက်ဖျားတို့မှာ ပါးပြင်နွေးနွေးကြောင့် နွေးထွေးသည့်ဘက်သို့ ကူးပြောင်းလာသည်။

မျက်ဝန်းများကို လုံးဝမှိတ်ချထားသော ရှောင်းက သူ၏ စိတ်လှုပ်ရှားလွန်းနေသည့် မျက်နှာကို မြင်ရလိမ့်မည်မဟုတ်သော်လည်း မျက်လွှာချကာ ရိပေါ်လက်ကို ကိုင်ပြီးသူ့ပါးပြင်ပေါ် အပ်ထားစေသည့် ရှောင်းမျက်နှာလေးကိုတော့ သူ ရှင်းရှင်းလင်းလင်းကို မြင်နေရသည်။

ဒါဟာ လက်ခံတယ်ဆိုတဲ့ အဖြေလား..။

× × × × ×

"မင်းက ငါ့ရဲ့ တစ်ယောက်သော ပါ ဝမ်.."

မင်းက ငါ့ဘဝမှာ တစ်ယောက်တည်းသော သူငယ်ချင်း၊
တစ်ယောက်တည်းသော သဘောကျရသူ၊ တစ်ယောက်တည်းသော ငါ့ကို မာနကင်းမဲ့စေတဲ့ လူ..

ရိပေါ်လက်ကို ဆွဲယူကာ သူ့ပါးပေါ်တင်ပေးလိုက်ပြီး မျက်လုံးများကို မှိတ်ချထားလိုက်သည်။

"မင်း ရယ်တာကို မြင်ချင်လွန်းလို့ တစ်လျှောက်လုံး မင်းအနား လိုက်ကပ်နေခဲ့တာ.."

𝐇𝐨𝐥𝐝 𝐌𝐲 𝐇𝐚𝐧𝐝  ✓Where stories live. Discover now