4

1.9K 286 60
                                    

"ငါ့တူ"

"ဗျာ.."

"ဟိုဟာလေ.. နေ့လည်စာလေး.."

"အာ ရပါတယ် ယူလိုက်နော်"

တစ်ဖက်အခန်းမှ အပြန်အလှန်စကားသံများကို အာရုံစိုက်နားထောင်နေရင်း သူ့ခေါင်းထဲ အတွေးပေါင်းစုံ ဖြတ်ပြေးနေသည်။

ရှောင်းကျန့်ကို သူ တကယ် နားမလည်နိုင်တော့ဘူး။

လွန်ခဲ့တဲ့ရက်ပိုင်းကတင် အဲဒီလူရဲ့ဆေးတွေကို လွှင့်ပစ်ခဲ့ပြီး မသေရုံတမယ် ခံစားရအောင် လုပ်ထားခဲ့တယ်၊ အခုကျ နေ့လည်စာတောင် ကျွေးလိုက်သေးရဲ့။

ကာယကံရှင်က ဘာမှမသိပေမယ့် သိနေတဲ့ သူ့မှာတော့ တကယ်ကို ဦးနှောက်ခြောက်နေရပြီ။

သူ့ရဲ့ စိတ်ရင်းအမှန်က ဘာလဲ..။

သူ ဘာလို့ ဒီလိုတွေ လုပ်နေရတာလဲ..။

ပြီးတော့ ငါ့ကိုရော ဘာအကြောင်းရှိလို့ ခင်ချင်ရတာလဲ..။

..စသည့်အတွေးများကို မေးခွန်းအဖြစ်
ထုတ်မမေးနိုင်သည့်အခါ အမှန်ပင် မွန်းကြပ်ရပါသည်။

သေချာတာကတော့ သူ ရှောင်းကျန့်ကို တကယ် စိတ်ဝင်စားနေမိပြီ..။

///

"ကျန်းမိန်မိန်ကတော့ တော်တော်ခံစားခဲ့ရမှာ..
တစ်ရက်လုံးလုံး နှိပ်စက်ခံခဲ့ရတာဆိုတော့.."

ဆရာဝန်က ဖောင်တိန်ကို ဖြည်းဖြည်းချင်းလှည့်ရင်း ခေါင်းတညိမ့်ညိမ့်နှင့် အကြောင်းစုံ ရှင်းပြနေသည်။

သူ့ရှေ့ကကောင်လေးကတော့ စားပွဲပေါ်မှ ကော်ဖီခွက်ကိုသာ စူးစိုက်ကြည့်နေပြီး စကားတစ်ခွန်းမျှ ဆိုမလာ..။

"ရဲတွေ ဆရာဝန်တွေရောက်သွားတော့ ရှောင်းကျန့်ကို အခန်းထောင့်တစ်နေရာမှာ ထိုင်ပြီး ငိုနေတာ တွေ့ခဲ့ရတယ်တဲ့
ကြည့်ရတာတော့ သူမကို မသေစေချင်ခဲ့ပုံပဲ..
ဒီလိုပါပဲ
လူတွေက စိတ်ဆိုးတုန်းခဏ လုပ်မိလုပ်ရာလုပ်ပြီး နောက်မှ နောင်တရတတ်ကြတယ်"

ဖောင်တိန်ကို စားပွဲပေါ်ပစ်ချပြီး ထိုင်ခုံနောက်ကျောကို မှီပစ်လိုက်သည့်အခါ ကောင်လေးအကြည့်တွေက သူ့ဆီတည့်တည့်ရောက်လာသည်။

𝐇𝐨𝐥𝐝 𝐌𝐲 𝐇𝐚𝐧𝐝  ✓Where stories live. Discover now