FINAL [PART 2]

3K 321 90
                                    

"Aiyaa..
ပင်ပန်းလိုက်တာ"

ရှောင်းကျန့်က လက်အိတ်အနက်ကို စိတ်မပါလက်မပါ ဆွဲချွတ်ရင်း နှုတ်ခမ်းတထော်ထော်နဲ့ ညည်းတွားနေတယ်။

ဒါက ဝမ်ရိပေါ်ပဲ မြင်ခွင့်ရတဲ့ သူ့ရဲ့ တစ်ဖက်ခြမ်း..။

အခုချိန် တအားတွေ ချစ်စရာကောင်းနေတဲ့ ရှောင်းက သူများရှေ့မှာဆို သူ့အုပ်ထိန်းသူလိုလို၊ အစ်ကိုအကြီးဆုံးလိုလို ဂိုက်မျိုး ဖမ်းတတ်သေးတာ။

နောက်ကွယ်မှာ ခိုးစားခံနေရတာတော့ သူတို့ မသိကြဘူးပေါ့။

"အဲဒါကြောင့် မလိုက်ခဲ့ပါနဲ့ဆိုတာကို"

"မင်းကလည်း
နှိပ်စက်ခံခဲ့ရတဲ့သူက ငါပါကွ
ငါလည်း လက်စားပြန်ချေချင်မှာပေါ့"

"ရှောင်းကျန့်ရားးး
ဘာလို့ ဒီလောက် ချစ်ဖို့ကောင်းနေရတာလဲ"

ဝမ်ရိပေါ်က မျက်မှောင်ကြုတ်ပြောပြီး သူ့ခါးကနေ ပင့်မ,လို့ စားပွဲပေါ် ထိုင်စေတယ်။

"နေ့ခင်းကြောင်တောင်ကြီးနော်"

"ဘယ်သူ့ကို ဂရုစိုက်ရမှာလဲ"

"ကောင်းပြီလေ
မင်းက ဒီလိုဆိုမှတော့.."

ရှောင်းကျန့်က သူ့ကို မော့ကြည့်နေတဲ့ ရိပေါ်ရဲ့ လည်တိုင်ကို သူ့လက်တွေနဲ့ ချိတ်တွယ်လိုက်တယ်။

သူ့ပုံစံက အခု တကယ်ကို ယုတ်မာတော့မယ့် လူဆိုးလေး စတိုင်နဲ့၊
တကယ်တမ်းကျ သူက ယုတ်မာခံရမှာကိုလေ..။

ရိပေါ် စားပွဲပေါ်က အဆိုးလေးကို အပြစ်ပေးမှ ရတော့မယ်လို့ ဆုံးဖြတ်လိုက်တယ်၊
တခြားအချိန်တွေမပါပေမယ့် ဒီလိုနေရာမျိုးကျ ရှောင်းကျန့် သူ့ကို ကြောက်နေစေချင်တယ်။

ဒါပေမယ့်လည်း သရဲဘီလူးစီးနေတဲ့ ရှောင်းအစ်ကိုကြီးက ဘယ်လောက်ပဲ ပြင်းထန်ခဲ့ပါစေ ပြီးရင် ဘာမှမဖြစ်ခဲ့တဲ့အတိုင်း..။

"အပြစ်ပေးခံချင်နေပြီလား"

"Hello, Ni hao. ဟင့်အင်း နိမဟောင်ဘူး "

အခန်းတံခါးကို ဆွဲဖွင့်လာတဲ့ တစ်စုံတစ်ယောက်။

လူမရောက်ခင် အသံအရင်လာတယ် ဆိုတဲ့စကားအတိုင်း အာပြဲကြီးနဲ့ အော်လာတာများ နှစ်ယောက်သောသူတို့ကိုတောင် လန့်ဖျပ် ရပ်တန့်သွားစေခဲ့။

𝐇𝐨𝐥𝐝 𝐌𝐲 𝐇𝐚𝐧𝐝  ✓Where stories live. Discover now