"သူ့ကိုယ်ရေးအချက်အလက်တွေ အကုန် လိုချင်တယ်"
ရုံးခန်းထဲတွင် ပစ္စည်းများအား ပေါက်ခွဲကာ သောင်းကျန်းနေသည့် အဆောက်မှူးအသစ်ကို သူ့လက်ထောက်က မဝံ့မရဲ ကြည့်သည်။
"သူ.. သူတို့က မနက်ဆို ထွက်ခွင့်ရပြီမို့.."
"ဘာ!!!"
ကြားလိုက်ရသော အဖြေစကားက သူ့ဒေါသများကို ဓာတ်ဆီလောင်းသည့်နှယ် ပိုမိုဆိုးရွားစေသည်။
မင်းကို ဒီလိုပဲ အလွတ်ခံလိုက်ရမှာလား?
လုံးဝပဲ!
"ဟင့်အင်း သူ ထွက်သွားလို့ မရဘူး
အကြောင်းတစ်ခုခုရှာပြီး အချိန်ဆွဲထားလိုက်..""ဟုတ်ကဲ့.."
ရှောင်းကျန့်ရား ရှောင်းကျန့်..
နောက်ဆုံးတော့ မင်းနဲ့ငါ တွေ့ကြပြီပေါ့..။
× × × × ×
[
"ဘာဖြစ်လို့လဲဟင်""ရှောင်း..
သူ မင်းကို ကြည့်တဲ့အကြည့်တွေ.. မရိုးသားဘူး""ငါ သိပါတယ်
မကြာခင် ထွက်သွားရတော့မှာပဲ
သိပ်ဂရုစိုက်နေစရာ မလိုပါဘူး..""Umm"
"ဒါပေမယ့် မင်း စိတ်ထဲ သဘောမကျဘူးဆိုရင် အခုပဲ ထွက်သွားကြရအောင်လေ"
]///
ရိပေါ်က ကျောပိုးအိတ်တစ်ခုကို လွယ်လျက်၊ ရှောင်းကျန့်ကတော့ လက်ဆွဲအိတ်ငယ်တစ်ခုဖြင့် သူတို့ပုံစံက အထက်တန်းကျောင်းသားလေးများ ကျောင်းသွားမည့်ပုံ ဖြစ်နေသည်။
မနက်ဝေလီဝေလင်းအချိန်မို့ အဆောင်တွင် တိတ်ဆိတ်ငြိမ်သက်မှုကသာ ကြီးစိုးနေ၏။
အဆောင်ခြံဝန်းတံခါးနားရောက်တော့ အစောင့်ဦးလေးက အဆင်သင့် တံခါးဖွင့်ပေးသည်။
"သွားကြတော့မှာပေါ့.."
"ဟုတ်"
"အေး အေး
ဂရုစိုက်ကြဦးနော်""ဟုတ်ကဲ့
အဲဒါဆို.. နှုတ်ဆက်ပါတယ်.."
နှစ်ယောက်သား ဦးညွှတ်နှုတ်ဆက်လိုက်ပြီး နောက်ဆုံးအနေဖြင့် နှစ်ထပ်အဆောင်ကြီးကို လှည့်ကြည့်လိုက်မိသည်။
YOU ARE READING
𝐇𝐨𝐥𝐝 𝐌𝐲 𝐇𝐚𝐧𝐝 ✓
Short Story𝐒𝐭𝐨𝐫𝐲 𝐚𝐛𝐨𝐮𝐭 𝐂𝐚𝐧𝐨𝐥𝐚 𝐅𝐥𝐨𝐰𝐞𝐫 𝐰𝐡𝐨 𝐡𝐚𝐯𝐞 𝐟𝐨𝐮𝐧𝐝 𝐚 𝐡𝐚𝐧𝐝 𝐭𝐨 𝐡𝐨𝐥𝐝 𝐚𝐭 𝐡𝐢𝐬 𝐰𝐨𝐫𝐬𝐭. _𝐂𝐫𝐞𝐚𝐭𝐞𝐝 𝐛𝐲 𝐃𝐞𝐚𝐭𝐡𝐰𝐢𝐬𝐡_ 𝐁𝐨𝐭𝐡 𝐙𝐚𝐰𝐠𝐲𝐢 & 𝐔𝐧𝐢𝐜𝐨𝐝𝐞 𝐯𝐞𝐫𝐬𝐢𝐨𝐧𝐬 𝐚𝐫𝐞 𝐚𝐯𝐚𝐢𝐥𝐚𝐛𝐥𝐞. ...