11 [FINAL]

2.4K 235 65
                                    

6 နာရီ..။

ရှောင်း ဖမ်းခေါ်သွားခံရတာ 6 နာရီကျော်နေပြီ။

သူ ဘာမှလုပ်မပေးနိုင်ခဲ့ဘူး။

အခုလည်း အခန်းပြင်မှာ အိမ်စောင့်ခွေးလို စောင့်နေကြတဲ့ ဟိုခွေးကောင်ရဲ့ နောက်လိုက်အပေါင်းအပါတစ်သိုက်ကြောင့် ထိုင်စဉ်းစားနေရုံကလွဲပြီး သူ့မှာ အပြင်တောင် ထွက်မရဘူး။

အခြေအနေတွေ အားလုံးအတွက် မျှော်လင့်စရာက တစ်ခုပဲ ရှိတော့တယ်။

အဲ့မျှော်လင့်စရာအတွက် ညနေစာစားရမယ့်အချိန်ကို သူ စောင့်မျှော်နေပါတယ်..။

///

တံခါးကို ဆွဲဖွင့်လိုက်တာနဲ့ အပြင်ဘက်က ဆယ်ယောက်ထက်မနည်းတဲ့ လူတွေက တစ်ညီတည်း လှည့်ကြည့်လာကြတယ်။

ဟက်..

ငါလေးတစ်ယောက်အတွက် လူတွေ သိပ်အကုန်ခံတာပဲ။
ကိုယ့်ကိုယ်ကိုတောင် အထင်ကြီးချင်သွားတယ်။

သူတို့ရဲ့အကြည့်တွေကို ကျော်လွန်ပြီး အဆောင် main hall ဘက် ခြေလှမ်းတော့ ရှေ့က ပိတ်ရပ်လာကြပြန်တယ်။

တအား စိတ်ရှုပ်ဖို့ကောင်းတာပဲ။

"ဘေးဖယ်
ညနေစာ သွားစားမလို့"

"ဒါပေမယ့်.."

လေပူတစ်ချက်ကို ရှေ့ဆံပင်တွေ ဝဲသွားတဲ့အထိ မှုတ်ထုတ်ပြီး စိတ်မရှည်တော့ဟန် ခါးထောက်ပြလိုက်တော့ ချက်ချင်းပဲ ကိုယ်ကို ယို့လို့ ဘေးကပ်ပေးတယ်။

ဒီကောင်လေး မကြာခင်အချိန်ကပဲ လူတစ်ယောက်ရဲ့ခေါင်းကို ဘယ်လို ရက်ရက်စက်စက် ရိုက်ခွဲခဲ့လဲဆိုတာ သူတို့အသိပဲမလား..။

မဟုတ်လည်း နောက်ကနေ မျက်ခြေမပြတ် စောင့်ကြည့်နေရင် ရပြီမို့ ထပ်ပြီး စကားရှည်မနေတော့ဘဲ လမ်းဖယ်ပေးလိုက်ကြတယ်။

အိုကေ..
First step က ထင်သလောက်လည်း မခက်ခဲပါဘူး။

///

ဇွန်းအဖျားကို စိတ်မပါလက်မပါ ကိုင်ပြီး ထည့်ပေးထားတဲ့ စားစရာတွေကို ဖြည်းဖြည်းချင်းမွှေနေတဲ့ ရိပေါ်က ညနေစာစားမယ့်လူတစ်ယောက်နဲ့မတူဘဲ အိပ်မွေ့ချပြီး စိတ်ရောဂါကုပေးတဲ့ ဆရာဝန်လို့တောင် ထင်ချင်စရာကောင်းလာပြီ။

𝐇𝐨𝐥𝐝 𝐌𝐲 𝐇𝐚𝐧𝐝  ✓Where stories live. Discover now