5

1.9K 292 70
                                    

"Wow.. လန်းဆန်းသွားတာပဲ
နော်"

"အင်း.."

နှစ်ယောက်သား အတူ ပန်းခြံထဲဆင်းသည်မှာ တစ်ခေါက်နှစ်ခေါက်မက,တော့သော်လည်း ယခုတစ်ခါကတော့ ထူးခြားနေသည်။

သူငယ်ချင်းဖြစ်ပြီးမှ အတူဆင်းရတဲ့ ပထမဆုံးအကြိမ်ကိုး..။

ရှောင်းက ကလေးငယ်တစ်ယောက်လို ခုန်ပေါက်နေသည်။
ပြီးမှ တစ်ခုခုကို သတိရသွားဟန် သူ့လက်ကိုဆွဲကာ တစ်နေရာသို့ ပြေးတော့သည်။

"မြန်မြန်လာ.. သူများ ဦးသွားလိမ့်မယ်"

အမှန်ကား အဝါရောင်ပန်းခင်းကြီးအစပ်တွင် ရှိသော ခုံတန်းရှည်တစ်ခုံကို ပြေးဦးခြင်းသာ။

"ဟေ့
ဒီခုံက ငါတို့ဟာ တခြားနေရာသွားထိုင်"

ထိုင်မည်ပြုပြီးမှ အတားခံလိုက်ရသောကြောင့် ထိုလူက
ပြင်ထားသော ဖင်လေးကို ထိုင်ပဲချလိုက်ရမလို၊ ထပဲထ,လိုက်ရမလို အူကြောင်ကြောင်ဖြစ်နေသည်။

"နောက်တစ်ခေါက် မပြောဘူးနော်"

"အာ..
ဟုတ် ဟုတ်"

ကလေးတစ်ယောက်လို ပြုမူနေသော မနိုင်စိန်ရှောင်းကို သူဖြင့် လက်ဖျားခါရပါသည်။

ဘယ်လောက်ထိများ သောင်းကျန်းထားလို့ ဒီလို ပိန်ပိန်ပါးပါး အပြုံးလှလှလေးနဲ့ လူတစ်ယောက်ကို တစ်ဆောင်လုံးက ကြောက်နေရတာပါလိမ့်?

"ဟီး ဟီး
သူများ ရှိနေရင် မနေတတ်လို့"

ရှောင်းကျန့်က ခြေထောက်နှစ်ဖက်လုံးကို ခုံတန်းပေါ်တင်၍ ခွေလိုက်သည်။

"တရားထိုင်မလို့လား"ဟု သူက မေးတော့ အားရပါးရအော်ရယ်၏။

ခက်ခက်ခဲခဲထွက်လာသော စကားကို လှောင်ရယ်သည်ဟု ခံစားရသဖြင့် မျက်မှောင်ကြုတ်ကြည့်လိုက်တော့ နှုတ်ခမ်းနှစ်လွှာကို မနည်းဆွဲစိလိုက်ရဟန်။

"မြေကြီးပေါ်မှာ ပုရွက်ဆိတ်အုံနဲ့မို့.."

"အာ?"

"ဟိုမှာ မင်းခြေထောက်ပေါ်တောင် တက်နေပြီ"

ခြေဖမိုးပေါ်မှ ဆစ်ခနဲခံစားချက်နှင့်အတူ အောက်သို့ငုံ့ကြည့်လိုက်ရာ ရဲရဲနီနေသော ပုရွက်ဆိတ်အုံကို ဗဟိုပြုထားသည့် ခြေထောက်ကို တွေ့လိုက်ရသည်။

𝐇𝐨𝐥𝐝 𝐌𝐲 𝐇𝐚𝐧𝐝  ✓Where stories live. Discover now