3

2.1K 305 62
                                    

"ဖယ်ပေးလို့ ရမလား"

အစာကိုသာ စူးစူးစိုက်စိုက် ငုံ့စားနေသော လူတစ်ယောက်မှာ သူ့အသံကြောင့် အူကြောင်ကြောင်ဖြင့် မော့ကြည့်လာသည်။

ဘေးနားက 085 မှာလည်း ထိုနည်းတူစွာပင်။

"ဝေ့..
ဖယ်ပေးလို့ဆို"

"အာ.. ဟုတ် ဟုတ်ကဲ့.."

ကိုယ့်ဗန်းလေးကိုယ် မ,ကာ ဖယ်ပေးလိုက်မှ ရှောင်းကျန့်က အပြုံးကြီးကြီးဖြင့် 085 ဘေးနား ဝင်ထိုင်သည်။

"Psychopath တွေချည်းပဲမို့ မကြောက်ဘူးလားလို့ မေးချင်နေတယ်မလား..
ဒီကိုကိုက ဟောဒီ V - 3 မှာတော့ ဆရာကြီးပဲ
အဲဒါကြောင့် ညီလေးသာ ဒီကိုကို့သူငယ်ချင်းဆို ဘယ်သူမှ မင်းကို ထိရဲတော့မှာမဟုတ်ဘူး"

"နားငြီးတာမို့ ပါးစပ်ပိတ်ပြီး စားပါ"

ထမင်းကို ဇွန်းဖြင့်မွှေနေရင်း လေသံခပ်ဖျော့ဖျော့ဖြင့် ပြောလာသည့် 085 ကြောင့် သူ ကိုယ့်ပါးကိုယ်ရိုက်လိုက်မိသည်။

"အခု.. မင်းငါ့ကို စကားပြောလိုက်တာလား"

တကယ်ကြီးကို စာကြောင်းတစ်ကြောင်းပြည့်အောင် ပြောလိုက်တာပဲ။

"ဟိ ဟိ ပြောသားပဲ မင်းငါ့ကို ခင်လာမှာပါလို့"

*

စားပွဲပေါ်သို့ ဇွန်းကို အသံမြည်အောင်ဖိချပြီး ဗန်းကိုမ,ကာ ထ,မည်ပြုသော 085 ကြောင့် သူ ယောင်ယမ်းပြီး မတ်တပ်ထရပ်မိပြန်သည်။

"သိပြီ.. နောက်ထပ် စကားမပြောဘဲနေမှာမို့..

ထွက်မသွားပါနဲ့.."

ထိုစကားက တခြားတစ်ခုခုကို ဆိုလိုမှန်း နှစ်ယောက်လုံး သိနေသည်ကတော့ အမှန်ပင်။

///

"Send my love to your new lo-ver, treats her better.
We gotta let go all of our ghosts.
We both know we ain't kids no more."

သီချင်းဆိုသံ တိုးသဲ့သဲ့က အဆောင်ထဲတွင် လွင့်ပျံနေသည်။

အသံလာရာသို့ ခေါင်းထောင်ကြည့်လိုက်တော့ တစ်ခန်းကျော်တွင် အလုပ်ရှုပ်နေပုံရသော ကျောပြင်တစ်ခု။

တစ်ချက်တစ်ချက် ခေါင်းကိုညိမ့်ကာ ခပ်အေးအေး ပြုမူနေသော ထိုသူသည်ကား သူ့အခန်းဖော် ရှောင်းကျန့်ပင်။

𝐇𝐨𝐥𝐝 𝐌𝐲 𝐇𝐚𝐧𝐝  ✓Where stories live. Discover now