Pieces

1.3K 212 12
                                    

"ရိပေါ်..
မာမားရဲ့ သားငယ်လေး.."

"မာမားလေ.."

"မား မခံစားနိုင်တော့ဘူး သားရယ်
မာမား ဘယ်လိုလုပ်ရမလဲ
အဲဒီလူက မင်းကို စာချုပ်စာတမ်းနဲ့ လွှဲပေးဖို့ ပြောနေပြီ
မား ဘယ်လိုလုပ်သင့်လဲ"

မိန်းမတစ်ယောက် အသံ၊

တိတိကျကျဆိုရသော် သူ့မာမား၏ ငိုရှိုက်သံ။

"ငါ့သားလေး စိတ်ထဲ ပဟေဠိတွေ ဖြစ်ကျန်နေခဲ့မှာစိုးလို့ ဒီလို စီစဉ်ခဲ့တာပဲ
အဲဒါကြောင့် သေချာနားထောင်ပါ"

တိုးလိုက်၊ ကျယ်လိုက် အသံများကြောင့် မှိတ်ထားသော သူ့မျက်ခွံတို့ လှုပ်ရှားလာကြသည်။

"တကယ်တော့ ငါ့သားဟာ မာမား ဝမ်းနဲ့လွယ်မွေးထားတဲ့ သားအရင်း မဟုတ်ဘူး
မင်းပါပါးလို့ ဆိုတဲ့ အဲဒီလူ ခေါ်လာခဲ့တဲ့ ကလေးတစ်ယောက်ပဲ၊
မင်းက သိပ်ချစ်ဖို့ကောင်းတော့ မားလေ.. မင်းကို မြင်မြင်ချင်း ငါ့သားလေးဆိုပြီး ခေါ်မိခဲ့တာ သိရဲ့လား.."

"ပြောရရင်တော့ မင်းကို မွေးစားခဲ့တယ်ပေါ့
ဒါပေမယ့် မင်းသိတဲ့အတိုင်း မား အဲဒီအကြောင်းကို ယောင်လို့တောင် မဟ,ခဲ့ဖူးဘူးနော်
အဲဒါ ရိပေါ်လေးကို မာမားသားအရင်းလို့ သဘောထားလို့ပေါ့ကွယ်.."

"ဒါပေမယ့် တစ်ခုရှိခဲ့တယ်..

အဲဒီလူကလည်း သူ မင်းကို မွေးစားချင်တယ်လို့ ပြောလာခဲ့တယ်၊
သူ ဘယ်လိုအလုပ်တွေ လုပ်တယ်ဆိုတာ သိထားတော့ မင်းကို သူ့လက်ထဲ ဘယ်စိတ်နဲ့ ထည့်ပေးရက်မှာလဲ..
သူကလည်း လွယ်လွယ်နဲ့ လက်လျှော့မယ်ပုံမပေါ်ဘူး
အဲဒါကြောင့် နှစ်ဦးသဘောတူ လက်ထပ်လိုက်ကြတာပဲ။

လက်ထပ်တယ်ဆိုတာလည်း စာရွက်ပေါ်က လက်မှတ်နှစ်ခုနဲ့တင်ပါပဲ၊
အချစ်မပါခဲ့သလို တစ်ခါမှလည်း လင်မယားအရာ မမြောက်ခဲ့ဘူး။

အပိုတွေလုပ်တယ်မထင်ပါနဲ့ သားရယ်..

အဲဒီခေတ်၊ လွန်ခဲ့တဲ့ 17 နှစ်ကျော်က Single mother တွေ ဘာတွေ မသိဘူးလေ၊
ပြီးတော့ လူလွတ်တစ်ယောက်ဟာ ဘယ်လိုလုပ် ကလေးတစ်ယောက်ကို မွေးစားလို့ ရမှာတဲ့လဲ။

နှစ်ဦးလုံး အဆင်ပြေမယ့်လမ်းကို ရွေးချယ်ခဲ့ကြတယ်၊
သူ မင်းကို မွေးစားချင်တဲ့ အကြောင်းအရင်းက ဆက်ခံသူ ဖြစ်အောင် ပျိုးထောင်ဖို့ပဲ၊
မင်းကို သူ့နေရာ ဆက်ခံမယ့်သူအဖြစ်၊ သူ့လို ဖြစ်လာအောင် ပုံသွင်းချင်နေတာ။

𝐇𝐨𝐥𝐝 𝐌𝐲 𝐇𝐚𝐧𝐝  ✓Where stories live. Discover now