8

1.7K 234 75
                                    

"မင်းတို့ ငါ့ကို မေ့မသွားကြနဲ့နော်"

"အင်းပါ"

အဆောင်မှူးဆီမှ အဆူခံပြီးအပြန် ဘေးနားက ကပ်လိုက်လာသော ဆရာဝန်က ငိုမဲ့မဲ့ဖြစ်နေသေးသည်။

အခန်းရှေ့ရောက်တော့မှ သူ့အား ပွေ့ဖက်နှုတ်ဆက်ရင်း ကံမကုန်ရင် ပြန်ဆုံမှာပေါ့ ဘာညာပြောကာ ထွက်ချင်လာသော မျက်ရည်များကို လက်ခုံနှင့် ခပ်ကြမ်းကြမ်းသုတ်ပစ်လိုက်၏။

"အေးပါ ဝင်ကြတော့"

"ဘယ်နေ့လောက် ရွှေ့ရမှာလဲ"

"မနက်ဖြန်မနက်ပဲ"

"အာ!
အဲ့လောက်တောင် မြန်လား"

"အင်း"

ဝန်ထမ်းတစ်ယောက်က သော့လာပိတ်သည်နှင့် သူလည်း အခန်းကြမ်းပြင်ပေါ် ထိုင်ချပစ်လိုက်မိ၏။

"အာ ဒါနဲ့ ပြောဖို့မေ့နေတာ.."

ရိပေါ်ရော ရှောင်းကျန့်ပါ အခန်းဝက ဆရာဝန်ကို လှမ်းကြည့်လိုက်မိကြသည်။

ဘာများပြောစရာ ကျန်သေးပါလိမ့်ဆိုတဲ့ အတွေးကိုယ်စီနဲ့ပေါ့..

"ငါလည်း မနက်ဖြန်မင်းတို့နဲ့အတူ
X - 1 ကို ပြောင်းရမယ်တဲ့"

ခဏတာမျှ ကြောင်အနေပြီးနောက် ရှောင်းကျန့် နှုတ်မှ ရှိသမျှ အဆဲစကားလုံးများ ထွက်ကျလာတော့သည်။

"အစကတည်းက မပြောဘဲ ဒရာမာတွေခင်းနေသေးတာ
ေ-ာက်ကျိုးနည်းေ-ာက်ဆရာဝန်
ေ-ာက်ဦးနှောက်က စောစောလေးပြောဖို့ မစဉ်းစားခဲ့ဘူးလား
ေ-ာက်ရေးမပါတဲ့ မျက်ရည်က ကျပြသေး၊
ဒီကဖြင့် တကယ်နှုတ်ဆက်ရတော့မှာဆိုပြီး ခံစားနေသေးတာ
ငါ့ မျက်ရည်တွေ ပြန်ပေး
ေ-ာက်ကောင်ရဲ့ -ီးဘဲ သိရဲ့လား"

ဆရာဝန်ကတော့ ခပ်သုတ်သုတ် ခြေလှမ်းများဖြင့် အမြန်လစ်ပြေးသွားလေပြီ..။

///

"အဆောင်က အကြီးကြီးပဲ"

"အင်း"

"အပြင်မှာဆိုရင်တောင် ဒီလောက်ကောင်းကောင်းနေရပါ့မလားမသေချာဘူး "

သစ်ပင်ပန်းမန်တို့နှင့် စိမ်းလန်းဝေဆာလျက်ရှိသော အဆောင်ခြံဝန်းက ရှောင်းကျန့်၏ လှုပ်ရှားနေသော စိတ်ကို အေးချမ်းသွားစေသည်။

𝐇𝐨𝐥𝐝 𝐌𝐲 𝐇𝐚𝐧𝐝  ✓Where stories live. Discover now