(Unicode)
ပွထနေတဲ့ အိပ်ယာခင်းတွေကို သေချာ သပ်ရပ်စွာ ခေါက်ပြီးတဲ့နောက်မှာတော့ မနက်တိုင်း သူပထမဆုံးလုပ်တဲ့အရာက အိမ်ရဲ့ဆည်းလည်းလေးကို သွားနိူးခြင်းပင်!
4နှစ်အရွယ်ရှိ ပြီတဲ့ သားငယ်လေးက အခန်းခွဲအိပ်ချင်ပါတယ်ဆိုတဲ့ ဆန္ဒအရ အခန်းခွဲအိပ်တာ တစ်နှစ်ပင်ပြည့်တော့မည်လေ!
ထိုခါကျတော့လည်း Junkyu ကဘဲ သားလေး Junyoung ကို မနက်တိုင်းသွားသွားနိူးရသည်!
မိခင်မရှိတော့ တဲ့ သားလေးအတွက် သူက ဖခင်တာဝန်ရော မိခင်တာဝန်ရော ယူပေးရသည်!အိမ်က အဒေါ်ကြီးက မနက်စာချက်ပြုတ်နေတာမို့ နူတ်ဆတ်ရင်း သားဖြစ်သူရဲ့ အခန်းကို ဝင်လိုက်သည်!
"သားလေး..ထတော့လေ ဒီနေ့ ကျောင်း
စတက်ရမှာသိတယ်မလား?""အာ..Appa"
"ဗျာ ဗျ..ကဲ သားရယ် ထမယ်!"
"သားက လိမ်မာပါတယ်ဗျ အခုပဲ ထပါပြီနော်"
4နှစ်သာ ရှိသေးသည့် သားငယ်လေးက အရမ်းပင်စကားပြောကျွမ်းလှသည်!
မူကြိုစတက်ရမည့် အရွယ်ဖြစ်သော်လည်း သားလေးက ပုံမှန်ကလေးတွေထက် သွတ်လပ်လွန်းလှသည်!
လူလည်လေး ဘယ်သူနဲ့တူလို့များလဲ?
သူ့အမေနဲ့လား?မနက်တိုင်းတစ်ယောက်တည်း မျက်နှာသစ်
သွားတိုက်သည်! အဝတ်အစားဆိုလည်း ကိုယ်တိုင်ရွေးဝတ်သည် အခြားဘာမှ လုပ်ပေးစရာမလိုလောက်အောင် သားလေးက သွတ်လပ်သည်!
ဒါကြောင့် Junkyu တာဝန်က မနက်တိုင်း သားလေးကို နိူးပေးရုံသာဖြစ်သည်!
ကျန်တာတွေ သူလုပ်ပေးစရာမလိုလေ!"ပြင်ဆင်ပြီးရင် မနက်စာစားဖို့ထွက်လာနော်!"
"ဟုတ်ကဲ့..Appa~~"
Junkyu လည်း အခန်းတံခါးကို သေချာစွာစေ့ပိတ်ကာ မိမိအခန်းထက်ဆီသို့ ပြန်လာရင်း Company သွားရန် ပြင်ဆင်လိုက်သည်!
သူပြင်ဆင်ပြီး မနက်စာ စားရန် စားပွဲကိုရောက်သည်အထိ သားက ထွက်မလာသေးပေ!
ဘယ်လောက်တောင်မှ လှအိုးကွဲနေပါလိမ့်!
ဒါလည်း သူ့အမေနဲ့တူတာပဲ..ထွက်လာတော့လည်း မူကြို ဝတ်စုံလေးကို သေချာစမတ်ကျစွာ ဝတ်ပြီး ဆံပင်များကို ဆီနဲ့သေချာသပ်တင်ထားသေးသည်!
တကယ်ပင် မင်းသားရှူံးလောက်အောင် ပြင်တက်ဆင်တက်လွန်းတဲ့ သားဖြစ်သူကြောင့် Junkyu ပီတိတွေ ဖြာနေရပြန်သည်!